ကမ္ဘာမကြေတဲ့ ပဲ့တင်သံတွေ

>> Saturday, August 7, 2010

“ကမ္ဘာမကြေတဲ့ ပဲ့တင်သံတွေ”

၈-ရက်၊ ၈-လ၊ ၈၈ တဲ့.............
ပညာရှင်တွေ ပြောခဲ့ကြတယ်။

လူတွေပြောတဲ့ ဒီဥပမာထဲ
တနေရာတော့ ငါလည်းပါခဲ့။

ငါ့အသက်ရဲ့ ၁၇-နှစ်မပြည့်ခင်
တက်ကြွခြင်းရဲ့ စိတ်ဓာတ်တွေနဲ့
နာကျည်းခံစားခဲ့ရဖူးတယ်။

စစ်အုပ်စုရဲ့ ရက်စက်မှုတွေ
တထောင့်တနေရာလေးမှတောင်
လက်ညှိုးထိုးမလွဲနိုင်အောင်ဘဲ
လူပေါင်းများစွာ သွေးမြေကျခဲ့
မသေမရှင် မြေမြှုပ်ပစ်ကြ
ဘက်နက်နဲ့ထိုး သေနတ်နဲ့ပစ်
အရက်စက်ဆုံး သက်ခဲ့ကြတယ်။

အဲဒါတွေကို.............
နာကျည်းနေမလား တိုက်ပွဲဝင်မလား
အစွန်းရောက်တယ်လို့ပဲပြောပြော
နာကျည်းတယ်လို့ပဲဆိုချင်ဆို
သေသည့်တိုင်အောင် အသည်းထဲမှာ
အရိုးစွဲအောင် ထင်ကျန်နေမယ့်
ဝိညာဉ်ဘ၀နဲ့ နာကျည်းနေမယ့်
၈-ရက် ၈-လ ၈၈ ရဲ့
ဘယ်တော့မှ မေ့မရနိုင်တဲ့
လူထုကြီးရဲ့ ၀ိညာဉ်တွေနဲ့
နောက်ထပ်တကြိမ် ပြန်လာတော့မယ့်
ကမ္ဘာမကြေအော်သံတွေဟာ
နီးနီးလေးပဲ ကြားနေရတယ်။

အင်ကြင်းမေ
၈၊ ၈၊ ၈၈။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP