လူကြီးလူကောင်း ဆိုသည်မှာ

>> Thursday, July 1, 2010

မောင်ပါလနဲ့အပြင်မှာရင်းနှီးကြတဲ့ သူငယ်ချင်းတော်တော်များများက မေးလေ့ရှိတတ်ကြတယ်။ “ကိုပါလက ဘာဖြစ်လို့ ကတုံးနဲ့ပဲနေတာလဲတဲ့”။ တချို့ကကြတော့လည်း “ဘုန်းကြီးလူထွက်လား” တဲ့။ တချို့ကလည်း “ကိုဇာဂနာကို အားကျလို့လား” တဲ့။ “ရာသီဥတု ပူလို့လား” တဲ့။ အမျိုးမျိုးပါပဲ။ ဘယ်လိုမျိုးပဲမေးမေး ဟုတ်တယ်လို့ပဲ အလွယ်တကူဖြေခဲ့ပါတယ်။

အမှန်အတိုင်းပြောရရင်တော့ အပေါ်ကအကြောင်းပြချက်တွေကြောင့် ကတုံးနဲ့နေခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၈-နှစ်၊ ၉-နှစ်လောက်က အင်္ဂလိပ်စကားပုံစာကြောင်းလေးတကြောင်း ဖတ်ဖူးခဲ့တယ်။ ကြာခဲ့ပါပြီ။ ဘယ်စာအုပ်ထဲမှာဖတ်ခဲ့ဖူးလည်းတော့ မမှတ်မိတော့ပါဘူး။ မြန်မာလိုအမြဲတမ်း သတိတရရှိနေတတ်တဲ့ အဲဒီစကားပုံလေးကို ဖတ်မိတဲ့အချိန်ကနေစပြီး မောင်ပါလ ကတုံးနဲ့ပဲ အမြဲတမ်းနေခဲ့ပါတော့တယ်။ ဘာကြောင့်ကတုံးတုံးရတာလဲမေးလေ့ရှိတဲ့ သူငယ်ချင်းတွေအတွက်လည်း အဲဒီစကားပုံလေးကို အောက်မှာရေးထားပေးလိုက်ပါတယ်ခင်ဗျာ........။


“လူကြီးလူကောင်းဖြစ်ရန်အတွက် ဆံပင်ညှပ်ဆရာကောင်းကောင်းတယောက်သာ လိုသည်”

1 comments:

ကိုဇော် July 11, 2010 at 8:15 PM  

ဟိုက် . .ဒါဆို ကျနော်လည်း ဘယ်တော့မှ လူကြီး လူကောင်း ဖြစ်မှာ မဟုတ်တော့ဘူး။ သူတို့ စိတ်ကြိုက် ညှပ်ပြီးရင် ထထွက်လာတတ်လို့။
ဂတုံးနဲ့ပဲ ကောင်းပါတယ်လေ။ ဖီးစရာ မလိုတော့ဘူးပေါ့။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP