မလေးရှားမှ ဒီမိုကရေစီအဆိုတော်ထက်အောင်ရှိုင်း၏ သီချင်းအသစ်

>> Thursday, May 20, 2010

အကိုတယောက်ကအပျင်းကြီးတယ်ဆိုပြီး ready made လုပ်ပြီးပို့ပေးထားတာ။ ဘယ်ရမလဲ ဒီတိုင်းပဲကောက်တင်လိုက်တယ်။ 

(ထက်အောင်ရှိုင်းသည် မလေးရှားတွင် ၀ါသနာနှင့် ယုံကြည်ချက်အတွက် လျှောက်လှမ်းနေသော လူငယ်တဦးဖြစ်ပြီး မကြာခင် သူ၏အခွေသစ်ကို သူ့ကိုယ်ပိုင်ချွေးနှဲစာဖြင့် မလေးရှားမှနေပြီး မေတ္တာဖြင့် တမ္ဘာလုံးမှ ဒီမိုကရေစီ ညီအကိုမောင်နှမများထံ အရောက်ပေးပို့ရန် အသင့်ပြင်နေပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။)

အခုတော့ရာဇ၀င်ရိုင်းကြီးတစ်ခုဖြစ်ရချေပြီ



ရေး ..ထက်အောင်ရှိုင်း
ဆို.. ထက်အောင်ရှိုင်း

V1 ပုံပမာနှိုင်းရလေပြီ ရာဇ၀င်အရိုင်းဆုံးမှာ ဒီသမိုင်းဆိုးတော့လိုက်မမှီ

သာဿနာပါမကျန်စော်ကားသည်..

ရွှေပြည်တော်ကို ချည်တုတ်အမြည်းလုပ်မြူးသည်
ခေတ်စနစ်နောက်ပြန်ချီလှမ်း တောတပ်စခန်းတည်
စစ်လက်နက်တွေမတန်တဆ တိုးချဲ့တပ်ဆင်
တိုင်းတပါးမကျူးကျော်လာလည်း ကိုယ့်ပြည်သူကိုယ်ပြည်တိုက်သည် ..

V2 သယံဇာတသုံးမကုန်ပြီ ကျန်ဖန်ဖြုန်းတီးကာအလွဲသုံးစားလုပ်သည်

မတန်မရာလူပါကုန်ကူးသည် ပြည်သူတွေကို အရုပ်များလို့မှတ်သည်

တိုင်းရင်းသားတွေအပေါ်လည်းဂရုမစိုက်တော့ပြီ
ဆင်းရဲသားတွေခမျာလည်း တောင်းစားရပြီ
ခေါင်းပါးရစ်ကျန်လေတော့ ဝေးရပ်သို့ရှောင်ခွါကြပြီ .. ..

V3 သမ္မတလည်းဖြစ်ချင်သည် အာဏာရခဲ့ရင် ၀န်ကြီးချုပ်လုပ်မည်

နိုင်ငံမူပိုင်အုပ်စိုးမည်

ကြိုတင်ကြံစည်ဖန်တီးပြီးခဲ့ပြီ အများရဲ့သဘောဆန္ဒလည်း အသိအမှတ်မပြုပေ

ကမ္ဘာ့ပတ်ဝန်းကျင် အသံလည်းမမူ့တော့ပြီ

ရုရှားနဲ့ တယုတ်ကိုသာပဲ ရှိသမျှ အကုန်ပုံအပ်တော့သည် ......

V4 သဘာဝတရားလည်းဖောက်ပြန် ပြီကံကြမ္မာဆိုးကဖန် မင်းဆိုးအတွက်မထောက်ခံ

တပင်တိုင်းစင်ပေါ်ယစ်မူးသည်

နေပြည်တော်ကို သဏ္ဍန်လုပ်သရုပ်ပြသည်
မြို့ပြရဲ့အလှ ရန်ကုန်တော့ ကျောခိုင်းခဲ့သည်
အင်းယားရဲ့ အလှရေပြင်လည်း ခန်းခြောက်ရပြီ
သတင်းမပေါက်ဘို့ အများပြည်သူထဲ ဖုန်းဖို့ကြံစည်လည်း မမှီ .. ..


ပါတီဆယ်ကိုခွဲတဲ့ ရွေးကောက်ပွဲ



ရေး .. ထက်အောင်ရှိုင်း/ စက္က
ဆို .. ထက်အောင်ရှိုင်း

v1. ပြည်သူ့ သဘောထားမပါ ကိုယ့်ဘာသာလုပ်ကြံ ၂၀၀၈ အခြေခံ

စိတ်တိုင်းကျရေးကာဆွဲ ၂၅% လည်း အသက်လွတ်ထပ်ယူပြန်တယ်

ကြံဖွတ်ကတဖန်တစ်ပါတီခံ စစ်ဦးစီးချုပ်တွေအရေခွံလှန်

လောဘရမ္မက်ထန် စောဒကမတက်ရန် အမိန့်တွေသာထုတ်ပြန် ..

CHO: အာဏာရှင်ဖန်တီးတဲ့ဒီဥပဒေ ဘောင်မ၀င် ၂၀၀၈ ခု အခြေခံပင်

ဒီမိုကရေစီလမ်းစဉ် အမြဲရှောင်ကွင်းကမ္ဘာ့အလယ်တွင် ဟန်ပြ ဖြေရှင်းဖို့သာကြံဆင်

ဒီကမ္ဘာကြီးထဲတွင် လွတ်လပ်ခြင် မျှတခြင်း သက်သေမရှိပါ အရှင်းသားပင်
SOLO: .. .. .. ..

V1. ပြည်သူ့ဘ၀စစ်ကျွန် ဆက်ခံယူရရင် အနာဂတ်အတွက်မရေရာပြန်

လူသားဘ၀အဖြစ်ကဆိုး ကိုယ်ရွေးချယ်ပိုင်ခွင့်လည်း ပျောက်တဲ့အီလက်ရှင်း (election)

မဲပုံးတွေအမှန်နဲ့အမှား အမှန်ဘက်ကတဖက်သတ် အလွန်ကိုများ

အတင်းအကျပ် ချုပ်ကိုင် ခိုင်းသမျှလုပ်ရန် လမ်းစဉ်တွေထုတ်ပြန် .. ..

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP