သခင်စိုးမြင့်(NLD)၏ ဈာပန အခမ်းအနား

>> Saturday, May 22, 2010

တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉ နာရီခွဲတွင်ရေဝေးသုဿာန်သို့စတင်ထွက်ခွာပါသည်။ပထမဦးဆုံးမိသာစုမှ ဂါရ၀ပြု ပြီး နောက် ကြွရောက်လာတဲ့ သံတမန် များနိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ဧည့်ပရိတ်သတ်များ မှ ဂါရ၀ပြုပါတယ် ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ကျင်းပ ရာ အစီအစဉ် ၁ အရ မိသားစုမှ နောက်ဆုံးဂါရ၀ါပြုခြင်း အစီအစဉ် ၂ အရ တောင်ဥက္ကလာ မှ မြို့နယ်စည်းမှာ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရ၀ပြုခြင်း အစီအစဉ် ၃ အရ သံဝေဂ ကထာ ဖတ်ခြင်း(ဘဘ ဦးတင်ဦးမှ ဖတ်ကြားပါသည်) အစီအစဉ် ၄ အရ သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ဂုဏ်ရည်များကို ဖတ်ကြားခြင်း(တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားပါသည်) အစီအစဉ် ၅ အရ သခင် စိုးမြင့်သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် တို့ဗမာ သီချင်းကို ကြွရောက်လာသူများကသံပြိုင် သီဆို၍ အခမ်းအနားပြီးဆုံးပါသည် (သခင်စိုးမြင့် သားမှ ဦးဆောင် သီဆို)။ထို့နောက် ကြေးစည် သခင်စိုးမြင့်၏ ဓာတ်ပုံ လွမ်းသူပန်းခြင်း ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက်ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းဆောင်၍မီးသဂြိုလ် စက်သို့ပို့ဆောင် သဂြိုလ် ပါသည်။သခင်စိုးမြင့် ၏ ဈာပန သို့ မိသားစုဝင်များ နိုင်ငံခြားသံတမန်များ(အမေရိကန်၊ဗြိတိသျှ၊သြစတေးလျ)၀ါရင့်နိုင်ငံရေး သမားများ အဖွဲ့ချုပ်ခေါင်းဆောင်များဖြစ်သည့် ဦးတင်ဦး ဦးဝင်းတင် ဦးဥာဏ်ဝင်း အပါအ၀င် အဖွဲ့ချုပ်အဖွဲ့ဝင်များ ဆွေမျိုးမိတ်သင်္ဂဟ များ မှ လိုက်ပါပို့ဆောင်ကြပါသည်။ဈာပန် အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးပါသည်။


ပေးပို့သည့် မျိုးဆက်သစ်လူငယ်များကို အထူးကျေးဇူးတင်ရှိပါသည်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP