လွတ်မြောက်သွားသူသို့

>> Sunday, May 2, 2010

“လွတ်မြောက်သွားသူသို့”
(ချစ်သောညီမငယ် ကောင်းရာသုဂတိလားပါစေ……..)

လောကကြီးကဆန်းကြယ်တယ်။
သံယောဇဉ်ကပြောပြမရနိုင်ဘူး။

သေမင်းကနုပျိုခြင်းကိုလည်း
ငဲ့ညှာမပေးခဲ့ပါဘူး။

လွန်ဆန်လို့မရနိုင်ပေမယ့်
မင်းထွက်သွားတာ စောလွန်းပါတယ်ညီမငယ်။

အရှုံးမပေးတဲ့စိတ်ဓာတ်
အပြုံးမပျက်တဲ့မျက်နှာနဲ့
မသာတဲ့ကံကြမ္မာကို အံတုဖက်ပြိုင်
မင်းအနိုင်ရလိုက်ပေမယ့်
အဲဒီညီမတယောက်
ငါ့အတွက် ပျောက်ဆုံးခဲ့ရတယ်။

အားလုံးကိုလက်ပြနှုတ်ဆက်
ဘ၀တခု အသစ်စဖို့အတွက်
မင်းရဲရဲထွက်သွားနိုင်ပေမယ့်
မင်းချစ်တဲ့ အကိုတယောက်
အဟောင်းတွေကို စားသုံးရင်း
သတိရခြင်းတွေမှာ တ၀ဲလည်လည်ပါပဲ။

ညီမငယ်ရေ……………..
ငါကတော့လေ
မောဟနွံထဲမှာ နစ်မြုပ်ဆဲ…………
တမ်းတခြင်းတွေနဲ့ မွန်းကြပ်ဆဲ…………..။

မောင်ပါလ

2 comments:

Nge Naing May 3, 2010 at 7:25 AM  

မောင်ပါလရဲ့ ညီမလေး ကောင်းရာသုဂတိလားပါစေလို့ မောင်ပါလနဲ့ အတူ ဆုတောင်းသွားပါတယ်။

An Asian Tour Operator May 3, 2010 at 2:06 PM  

သိရတာစိတ်မကောင်းပါ။ ကိုယ်ချင်းစာမိပါတယ်။

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP