AUN-JP နှင့်NLD(LA)Japan တို့ပူးပေါင်းပြုလုပ်သည့် ချီတက်ဆန္ဒပြပွဲ အခမ်းအနားဓာတ်ပုံ မှတ်တမ်း...(ဂျပန်နိုင်ငံ တိုကျိုမြို့)

>> Monday, May 24, 2010

ဓာတ်ပုံ.. ဥိးသန်းဝင်း၊ ကိုလှမျိုး(၂)  ( ဒီမိုဝေယံ မှကူးယူတင်ပြပါသည်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲနှင့် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) (AUN-JP) တို့မှ ဦးစီးကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေး အကျဉ်းသားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန့်ကျင် ဆန္ဒပြပွဲ အခမ်းအနားကို ယနေ့ဂျပန်နိုင်ငံ တိုကျိုမြို့ Ebisu ပန်းခြံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ယနေ့နေ့လည် (၂း၃၀)က Ebisu ပန်းခြံမြန်မာ၊ဂျပန် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားများ ပြောကြားကြပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ Ebisu ပန်းခြံမှ Sendagaya ပန်းခြံအထိ တိုကျိုမြို့လူစည်ကားရာ အရပ်များကို လှည့်လည်ပြီး ကြွေးကြော်သံများတိုင်ကာ ချီတက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ချီတက်ပြပွဲ အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာနိုင်ငံသားများ... မြန်မာ့အရေးစိတ်ဝင်စားသူ နိုင်ငံခြားသားများ စုစုပေါင်း ၄၂၀ကျော် ပူးပေါင်းပါဝင် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP