နိုင်ငံကူးလက်မှတ် သက်တမ်းတိုး တလ ဆိုင်းငံ့မည်

>> Friday, March 5, 2010


မြန်မာနိုင်ငံကူး လက်မှတ် သက်တမ်း တိုးခြင်း၊ အသစ် လဲလှယ်ခြင်း ကိစ္စများကို ကမ္ဘာတဝန်းရှိ မြန်မာသံရုံး များတွင် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ တလ ဆိုင်းငံ့ထားရန် ပြည်ထဲရေး ဝန်ကြီးဌာနမှ ညွှန်ကြား ထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက ဧရာဝတီသို့ ပြောသည်။

“ပတ်စ်ပို့ သက်တမ်း တိုးတဲ့ ကိစ္စတွေကို ယာယီ ရပ်ဆိုင်းထားဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက ညွှန်ကြား ထားပါတယ်၊ ဧပြီလ အတွင်းမှာ သက်တမ်း ကုန်မယ့် ပတ်စ်ပို့တွေဟာ ဧပြီ မတိုင်ခင်မှာ သက်တမ်း တိုးကြရပါမယ်၊ ဘားကုဒ် စနစ်သုံး ပတ်စ်ပို့နဲ့ ပတ်သက်လို့ ဝန်ကြီး ဌာနက ဘာမှ ရှင်းမပြ သေးပါဘူး”ဟု မြန်မာသံရုံး ဝန်ထမ်းတဦးက ပြောသည်။

မြန်မာနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူ တဦးကလည်း “မနေ့က ကျမ သံရုံးကို အခွန်ဆောင်ဖို့ သွားပါတယ်၊ ကျမ ပတ်စ်ပို့က ၂၀၁၀ ဧပြီလ ထဲမှာ သက်တမ်း ကုန်မှာပါ၊ ဒါကြောင့် တခါတည်း ပတ်စ်ပို့ကို သက်တမ်း တိုးဖို့ပါ သူတို့ ပြောပါတယ်” ဟု ဆိုသည်။

ယင်းသို့ တလ ရပ်ဆိုင်းခြင်းကိစ္စကို ဘန်ကောက် မြန်မာသံရုံးတွင် ကြေညာချက်ကပ်ထားသည်မှတပါး ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် ကြေညာခြင်းမရှိဟု မကြာသေးမီက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် သံရုံးသို့ ရောက်ရှိခဲ့သော အမျိုးသမီးတဦး က ဆိုသည်။

“သံရုံးနဲ့ လှမ်းတဲ့ နေရာက လူတွေ ဧပြီ မတိုင်ခင် သက်တမ်းလာပြီး တိုးရမယ်ဆိုတာ သိမှာ မဟုတ်ပါဘူး”ဟု သူက ဆိုသည်။

မိမိနိုင်ငံသားများအား လက်ရေးစနစ်သုံး နိုင်ငံကူးလက်မှတ်အစား နိုင်ငံတကာ ဘားကုဒ် စနစ်သုံး နိုင်ငံကူးလက်မှတ် များဖြင့် စတင် အစားထိုး လဲလှယ်ပေးရန် နိုင်ငံတကာ မြို့ပြလေကြောင်းပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း (International Civil Aviation Organization) က မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၃၀ တွင် သံရုံးများ ဖွင့်လှစ်ထား ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP