မလေးရှား ALD မှ ကိုအောင်လွင် (ခေါ်) ကိုအောင်ထွန်းဦး အဖမ်းခံရ

>> Tuesday, March 16, 2010

ဧရာဝတီ၏ အဆိုရ စနေနေ့ နေ့လည်ပိုင်းတွင် ကိုအောင်လွင်(ခေါ်)ကိုအောင်ထွန်းဦးအား တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများနှင့် အတူဖမ်းဆီးခေါ်သွားကြောင်းသိရသည် ကိုအောင်လွင်သည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး ပြည်ထောင်စုသတင်းစာကို ကြိုးစားထုက်ဝေနေသူလည်း ဖြစ်ပါသည် ကိုအောင်လွင်သည် ရခိုင်တိုင်းရင်းသားအရေးသာမက မြန်မာနိုင်ငံညီညွတ်ရေးကို(အထူးသဖြင့် ဗမာနှင့် တိုင်းရင်းသားများ ညီညွတ်ရေး) အထူးလိုလားသူဖြစ်သည် ပြည်ထောင်စုသတင်းစာဖြန့်ချီ ထုက်ဝေမှုကြောင့် မလေးရှားရှိမြန်မာသံရုံးမှ မြန်မာဆိုင်များတွင်တင်မရအောင် လိုက်လံနှောက်ယှက်ခြင်းခံရပြီး သတင်းစာများကို မလေးရှားရဲမှ သိမ်းဆည်းခြင်းလည်း ခံရဘူးပါသည်။ ပြည်ထောင်စုသတင်းစာကို မလေးရှားတွင် ဖြန့်ချီမရအောင် မြန်မာသံရုံးမှ နှောက်ယှက်ခြင်းကြောင့် ကိုအောင်ထွန်းဦးတွင် အခက်အခဲများဖြစ်ကာ

သတင်းစာထုက်ဝေခြင်းကို ရပ်တန့်ထားခဲ့ရသည်။
ယ္ခုလို ကိုအောင်ထွန်းဦး အား တရားမ၀င်နိုင်ငံခြားသား အလုပ်သမားစစ်ဆင်ရေးတွင် ထည့်သွင်းဖမ်းဆီးခြင်းသည် သွေးရိုးသားရိုး ဖြစ်စဉ်တခုအဖြစ် ယူဆနိုင်ခြင်းမရှိသလို ကိုအောင်ထွန်းဦး၏ UNHCR လက်မှတ်ကို ၂၀၀၅ ခုနှစ်မှ စတင်ကိုင်ဆောင်ထားပြီး ယ္ခုအခါ ဒုက္ခသည် အသိအမှတ်ပြု ကဒ်ပြားကို ကိုင်ဆောင်ထားသော ကိုအောင်ထွန်းဦး ဖမ်းဆီးခံရမှုသည် မလေးရှားနိုင်ငံမှ ပြည်ထဲရေးဝန်ကြီး ထုက်ပြန်ပြောဆိုသည့် ဒုက္ခသည်များကို ယာယီနေထိုင်ခွင့်နှင့်
အလုပ်လုပ်ခွင့်ပေးမည့် ပြောဆိုချက်က လက်တွေ့တွင် မည်သို့မှ အကျိုးသက်ရောက်မှု မရှိကြောင်း သက်သေပြလျှက်ရှိပါသည်။ ကိုအောင်ထွန်းဦးတွင် လသားအရွယ်ကလေးနှင့် ဇနီးသည်တို့ ရှိပြီး ကိုအောင်ထွန်းဦး ထောက်ပံမှုမရှိပါက သူတို့စားဝတ်နေရေးမှာ အခက်အခဲဖြစ်နိုင်ပါသည်။
(နောက်ဆုံးထုက်ဝေထားသည့် ပြည်ထောင်စုသတင်းစာ အမှတ်(၇)ကိုဖေါ်ပြပေးလိုက်ပါသည် ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်ထုက်ဝေပြီး အမှတ်စဉ်(၇)သို့ရောက်ရှိပြီ ဖြစ်ပါသည်)Uni on Vol. 7

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP