အလုပ်သမား သပိတ် ဖြစ်ပွား ပြန်ခြင်း

>> Friday, February 19, 2010

ယနေ့မနက် ရန်ကုန်မြို့၊ ရွေပြည်သာစက်မှုဇုံတွင် ရက်စ်တူး အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၈၀၀-ခန့် သပိတ်မှောက်နေကြောင်းသိရပါတယ်။ သပိတ်မှောင်ရခြင်းမှာ အလုပ်သမားများက လုပ်ခနဲ့ ကုန်ဈေးနှုန်းမလောက်ငှသည့်အတွက် လုပ်ခကိုတိုးတောင်းဆိုကြောင်းသိရပါတယ်။

ယနေ.မနက်ကထဲကသပိတ်မှောက်ရန်စီစဉ်ခဲ့ပြီး နေ့လည်ခင်းထမင်းစားချိန်အပြီးတွင် စတင်လိုက်ကြတယ်လို့သိရပါတယ်။ တောင်းဆိုချက်များမှာတော့ လုပ်ခတို.မြှင့်ရေး၊ အလုပ်ချိန်ကိုနိင်ငံတကာ စံချိန်နှင့်အညီ ၈ နာရီသာသတ်မှတ်ပေးရေး၊ အလုပ်သမားများရဲ့  ကျမ္မာရေးစောင့်ရှောက်မှုပေးရေး၊ အလုပ်သမားခေါင်းများမှ အလုပ်သမားများအား ကျွန်ပိုင်ရှင်များသဖွယ် ပြုမူဆက်ဆံနေမှုများကို ရပ်တန့် ပေးရေး။လုပ်ငန်းခွင်လုံခြုံမှုရှိရေးစသည်များကို တောင်းဆိုထားကြောင်းသိရပါတယ်။ ပြီးခဲတဲ့အပတ်က အလုပ်သမားများတောင်းဆိုဆန္ဒပြကြသည့်အတွက် အလုပ်ရှင်နှင့်အာဏာပိုင်များက လိုက်လျောမှုများ ပြုလုပ်ပေးခဲ့သည်ဟု သိရပါတယ်။ ဖမ်းဆီးမှုတစုံတရာမရှိခဲ့ကြောင်းသိရပါတယ်။

Ref: We Fight We Win

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP