ဂါရဝပြု ပူဇော်ကန်တော့ပွဲ ဖိတ်ကြားလွှာ…

>> Thursday, February 25, 2010

 

မျိုးဆက်များက တိုင်တည်ခြင်း

ကြည်ညိုလေးစားတန်ဖိုးထား၍ ဦးခိုက်ပူဇော်ရပါသော

“ဘဘ”တို့ရေ …….

“နောင်လာ နောက်သား ကောင်းစားဖို့ရာ၊ဒို့ကိုယ်ကျိုး လုံးဝမပါ”

 

ဆိုတဲ့ ..“အဘ” တို့ရဲ့ ဒို့ဗမာအစည်းအရုံးသမိုင်း
ဒေါင်းအလံနဲ့ ကြွေးကြော်သံကို….ကျနော်တို့ မျိုးဆက်တွေ
အမွေဆက်ခံ ခဲ့ကြတယ်….
၁၉၆၂ မတ်လ (၂)ရက်ကစပြီး…ဒီမိုကရေစီ မိုးမှောင်ကျမှုကြီးဟာ…
ခရီးမိုင်တိုင်-၄၉-သို့ ရောက်ခဲ့ပြီ…
သွေးပင်လယ်ဝေလို့…အရိုးတွေလဲ တောင်လိုပုံခဲ့ရပြီ…..
နောက်ထပ် …ကျနော်တို့ အမိမြန်မာပြည်….
သွေးသမုဒ္ဒရာ ဖြစ်ရအုန်း(ဦး)မှာလား……“အဘ”တို့ရေ…..
တရားမျှတမှုတွေ ပျောက်ဆုံးနေတဲ့….ဟောဒီ….
မြန်မာ့ လူ့အဖွဲ့အစည်းမှာ…ဘဝဆိုတာ မရေရာ၊
လူ့အခွင့်အရေးဆိုတာ..ဘာမျှမရှိ၊
အာဏာမဲ့သူကို…အာဏာရှိသူက ဗိုလ်ကျ၊
ငွေရှိသူက…ငွေမဲ့သူကို အနိုင်ကျင့်၊
ပညာရှိသူက…ပညာမဲ့သူကို အနိုင်ယူ၊
အဖိနှိပ်ခံ လူတန်းစားတို့ရဲ့ ဘဝဟာ…ပိန်းပိတ်ကာဆီး၊အမှောင်ကြီးမှောင်တဲ့၊
ဘဝအမှောင် ညအမှောင်များထဲမှ “အလင်းမဲ့” ပြည်သူတွေ
အသူရာချောက်ထဲ..ဇောက်ထိုးဆွဲခံနေရတယ်….
ငိုကြွေးနေတဲ့ မိခင်တို့ရဲ့မျက်ရည်..
ပူဆွေးနေတဲ့ ချစ်သူတို့ရဲ့ သောက..
နာကျင် ဆာလောင် မွတ်သိပ်မှုတွေနဲ့ ခလေးငယ်တို့ရဲ့ ဘဝ..
တိုင်းရင်းသူ၊တိုင်းရင်းသားအဖိုးအဖွားတို့ရဲ့ဒုက္ခ..
အပူငြိမ်းစေတဲ့…ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး
“ပြည်တွင်းငြိမ်းချမ်းရေး”…“ပြည်တွင်းငြိမ်းချမ်းရေး”
မြင်ချင်လှပါပြီ …ဘဘ..တို့ရယ်…
မတရားဖိနှိပ်မှုများ…အမြန်ဆုံးချုပ်ငြိမ်းဖို့
တောင်ဆိုတိုင်တည်လိုက်ပါတယ်…“ဘဘ”တို့ရယ်
ကျမ္မာပကတိ၊လန်းဖြစွာ ရှိကြပါစေသတည်း။

ရဲရဲတောက် သိန်းအောင်(ရွှေပြည်သာ)
၂၈။၂။၂၀၁၀

0 comments:

  © Blogger templates Sunset by Ourblogtemplates.com 2008

Back to TOP