မြန်မာနိုင်ငံ အလုပ်သမားများ အစည်းအရုံး ပါဝင်လှုပ်ရှား
>> Sunday, February 21, 2010
၁၉၈၈ အရေးတော်ပုံကာလအတွင်း ဖွဲ့စည်းခဲ့တဲ့ အထက်ဗမာနိုင်ငံ အလုပ်သမားသမဂ္ဂကို အမည်ပြောင်းဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ အလုပ်သမားလှုပ်ရှားမှုတွေမှာ အနယ်နယ်အရပ်ရပ်က အလုပ်သမားထုအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတွေကို မနေ့က မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေမှာ လုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်၊၊
ဒီလှုပ်ရှားမှုနဲ့ပက်သက်ပြီးး မြန်မာနိုင်ငံအလုပ်သမားများအစည်းအရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြည်တွင်းလျှို့ဝှက် တနေရာကနေ အာအက်ဖ်အေကို အခုလို ပြောပါတယ်၊၊
ပြောရေးဆိုခွင့်ရှိသူ။ ။“ကျမတို့ ဒီနေ့ပြုလုပ်တဲ့ လှုပ်ရှားကတော့ လှိုင်သာယာနဲ့ သမိုင်း အထည်ချုပ်စက်ရုံတွေမှာ ရှိတဲံ ကျမတို့ ညီအကို မောင်နှမ အလုပ်သမားတွေဟာ မိမိတို့ ရပိုင်ခွင့်တွေကို ရရှိဖို့အတွက် ငြိမ်းချမ်းစွာနဲ့ ဆန္ဒ ဖော်ထုတ်တဲ့ လှုပ်ရှားမှုကြီးမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်သမားထုကြီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်လာရန်အတွက် ဖိတ်ခေါ်တဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်"
အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုမှုတွေ အောင်မြင်တဲ့အထိ ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်သူလူထုအနေနဲ့ သူတို့ကိုဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတစ်ဦး။ ။ "သူတို့ကတော့ ငြိမ်းချမ်းစွာ တောင်းဆိုသွားမှာပဲ။ အဲဒီအပေါ်မှာမှ စစ်တပ်ကသော်လည်းကောင်း၊ ရဲ၊ ကြံ့ဖွံ့ကသော်လည်းကောင်း အင်အားသုံးပြီးတော့ ပစ်ခတ်တာတွေ ဖြစ်လာတဲ့အခါမှာ နိုင်ငံတကာမှာရှိတဲ့သူတွေကလည်း သူတို့တွေကို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးကူညီဖို့ အဲဒါလေးကို သူတို့က မေတ္တာရပ်ခံထားပါတယ်"
အလုပ်သမားများ အစည်းအရုံး အနေနဲ့ လှုပ်ရှားမှုတွေကို စာတိုက်ကနေတဆင့် အလုပ်သမားတွေကို လှုံ့ဆော်စာပေးပို့ခြင်းနဲ့ နီးစပ်ရာအလုပ်သမားထုကြီးကို လက်ဆင့်ကမ်းလှုံ့ဆော်စာ ဖြန့်ဝေခြင်းစတဲ့ ပုံစံနှစ်မျိုးနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Ref: RFA
0 comments:
Post a Comment