လာလည်ကြသူများအား တောင်းပန်ခြင်း
>> Saturday, December 12, 2009
မောင်ပါလက မေးလ်ထဲကနေပြီး အင်ဗိုက်လုပ်လိုက်တာ သူငယ်ချင်းတွေတော်တော်များများ လာလည်ကြပါတယ်ဗျာ။ ရောက်လို့ကြည့်လိုက်တော့ ဘာမှရေးထားတာမရှိတော့ စိတ်ပျက်ပြီးပြန်ထွက်သွားကြရော.... အရမ်းအားနာပါတယ်ဗျာ။ တောင်းလည်းတောင်းပန်ပါတယ်။
ထမင်းစားဖို့ဖိတ်လိုက်ပြီး ဘာမှကျွေးစရာမရှိတဲ့အိမ်ရှင်လို ဖြစ်နေတယ်။ အင်တာနက်အခက်အခဲရယ်၊ အလုပ်ကိစ္စနဲ့ ဟိုသွားဒီသွားဖြစ်နေတာရယ်ကြောင့် စာရေးဖို့ကိုမလှည့်နိုင်ဘူးဖြစ်နေတယ်။ (အဟဲ........ပျင်းတာလည်းနည်းနည်းပါတယ်)။ နောက်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေသိကြတဲ့အတိုင်း မောင်ပါလမှာကိုယ်ပိုင်ဆိုလို့ ဘာမှမရှိတဲ့အတွက် cyber ကိုပဲအားကိုးနေ ရတာ။ ဒီနေ့တောင် ညီလေးတယောက်က broadband လာပေးထားလို့ အားတာနဲ့စာရေးဖြစ်သွားတာ။ နောက်ဆိုရင် အတတ်နိုင်ဆုံး ပုံမှန်လေးရေးနိုင်အောင် ကြိုးစားသွားပါမယ့်။
ကျနော် ဒီဘလော့ခ်လေးကိုစပြီးလုပ်လိုက်တာက ကိုယ့်စိတ်ထဲရှိတာလေးတွေ ချရေးချင်တယ်။ မေးလ်ကရတာလေးတွေထဲက ကြိုက်တာလေးတွေ သိမ်းထားချင်တယ်။ ဖတ်မိတဲ့စာအုပ်လေးတွေ၊ သုံးလို့ကောင်းတဲ့ဆော့ဝဲလ်လေးတွေ ပြန်ပြီးမျှပေးချင်တယ်။ အဲဒါတွေကြောင့် ရေးဖြစ်သွားတာ။ စစခြင်းတောင် အရူးလွယ်အိတ် ဆိုပြီးတော့နာမည်ပေးဖြစ်သေးတယ်။ သူငယ်ချင်းမ(ညီမလေး) တယောက်က အရူးလွယ်အိတ် ကရှိနေတယ်ဆိုပြီး သတိပေးလို့ပြန်ရှာကြည့်တော့ ကိုယ့်ထက်အရင် နှစ်လုံးတောင်ရှိနေတယ်။ ၁ နဲ့ ၂ ပေါ့။ (အရူးလွယ်အိတ်တောင် လိုက်လုရမလိုဖြစ်နေတယ်) ဒါကြောင့်ပဲ နာမည်ပြောင်းအုံးမှဆိုပြီး ခရီးသည်မှတ်တမ်း ဆိုတာဖြစ်လာတာ။
ဒီဘလော့ခ်လေးမှာ ကျနော်လွတ်လွတ်လပ်လပ်ရေးမှာ ဖြစ်သလို စာဖတ်သူများကလည်း လွပ်လပ်စွာ ဝေဖန်နိုင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်လွတ်လပ်စွာ comment ရေးပေးသွားကြပါ။ စာဖတ်သူမိတ်ဆွေများရဲ့ ဝေဖန်မှုအပေါ်မှာမှ ကျနော်ကိုယ်ကျနော် မှား၏/မှန်၏ ပြန်လည်သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲမှုရဲ့ရလာဒ်ကို စာလာဖတ်ကြသူ မိတ်ဆွေများနဲ့ ကျနော်တို့က ကောင်းတဲ့အကျိုးဖက်ကို ဦးတည်ပေးနိုင်မယ်ဆိုရင် ကျနော် ငပွကြီး လုပ်ရကျိုးနပ်ပါတယ်။
ဘလော့ခ်မှာ ဘာမှမရေးနိုင်သေးတဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်ဗျာ။ (အပြင်မှာ ကျနော့်ဆီကိုလာလည်တဲ့ သူငယ်ချင်းတွေကတော့ ကျနော့်ကိုပြန်ပြီး ပြုစုသွားကြတာချည်းပဲ။ ဒီတော့........မိတ်ဆွေများကလည်း......... )
0 comments:
Post a Comment