Wednesday, April 4, 2012

ဘကြီးပြောင်ညာတယ်

ဘကြီးပြောင်ညာတယ်

“ပြည်သူ့ဆန္ဒ ဦးထိပ်ထား
မြစ်ဆုံအရေး ခဏနားထားမယ်ဗျား….”

မယုတ်မလွန်စကားမို့
ကြားမိတာကို အဟုတ်ထင်
ဘကြီးပြောင်ကလူကောင်း
သူရို့တွေနည်းနည်း ပြောင်းလာပြီပေါ့။

ကျောချမှ ဓားပြမှန်းသိ
ရင်ထဲမှာ ကလိကလိနဲ့
ဆယ့်နှစ်အဆင် ဘေးစိတ်ထိုးကို
ကိုးပါလို့ အော်နေတဲ့သမ္မတ
ကြားသမျှ မြင်သမျှ
(ပြည်သူကို)
ပျားရည်နဲ့ဝမ်းချနေတာချည်းပဲ။

သက်ပြင်းလေးတချချနဲ့
ဘကြီးပြောင် ညာတယ်ကွလို့
လွန်ခါမှ နောင်တမရကြနဲ့
ခွေးမြီးကောက် အစိုးရလုပ်သမျှ
တရုတ်ဖင်သာ ယက်ရမယ့်ကိန်း…..။

မောင်ပါလ
၎.၄.၂၀၁၂

(အကြောင်းကြားစာကို ဒီမိုဝေယံဆိုဒ်မှ ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။