''ယုံ၍အစားခံရသူများ''
ငယ်စဉ်ကပုံပြင်တပုဒ်
ခြသေ့င်္မင်းကဟန်လုပ်လို့
နာမကျမ်းချင်ယောင်ဆောင်
ဥပုဒ်ပါစောင့်တဲ့သတင်း
ဒလန်ကိုမြေခွေးက
တွင်တွင်ကြီးဖြန့်ရင်းပေါ့။
လက်တွေ့သိချင်သူများ
ဂူထဲဝင်လေ့လာပါလားတဲ့
တွေးကြည့်ရုံနဲ့အဖြေမပေါ်
ဝင်ကြည့်မှတော်မယ်ဆိုသူတို့
အ၀င်ခြေရာသာတွေ့
ဂူတွင်းမှာအရိုးစုဘ၀နဲ့
့မွေ့နေကြရသတဲ့။
ဗိုလ်မောင်အေးနဲ့ဗိုလ်သန်းရွှေ
ခပ်ခွေခွေနေပြရုံနဲ့
နာတာရှည်ဖျားနေတဲ့
ကျားပေပဲလား
ဥပုဒ်သီတင်းမွေ့တဲ့
့ရွှေခြင်္သေ့လေလား
အတွေးဝါးနေကြရင်ဖြင့်...
တစ်ကြိမ်နှစ်ကြိမ်အလိမ်ခံရတာ
လိမ်ခဲ့သူအမှားထား
ဆင်ခြေပွားလို့ရနိုင်ပေမယ့်
သုံးကြိမ်နဲ့အထက်
အညာခံရမယ့်အချက်ကတော့
ယုံလွယ်သူရာဇ၀င်မြောက်
သမိုင်းမှာ
မလှလောက်ဖူးထင်တယ်နော်။
No comments:
Post a Comment
မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။