Saturday, May 21, 2011

NLD-Youth (L.A Malaysia) ရုံးအား မလေးလ၀ကမှ ၀င်ရောက်စီးနင်း

ပုံကိုနှိပ်၍ အကြီးကြည့်ပါ။

မေလ ၁၉-ရက်၊ ၂၀၁၁ မနက် ၁၁ နာရီအချိန်ခန့်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရုံးအား မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ၀င်ရောက်စီးနင်းကာ ကဒ်အတုများ ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကော်မတီအဖွဲ့ဝင် ၁၁-ဦးအား မလေးရှားနိုင်ငံ၊ ကဒါ (Kedah) ပြည်နယ်၊ ဘလန်တစ်ခ် (Belantik) ထိန်းသိမ်းရေးစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်ငြိစွန်းသော မည်သည့်ကဒ်အတုကိုမျှ ပြုလုပ်သည်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ကဒ်ကို (၄င်းတို့ပုံတွင် ပါရှိသည့်အတိုင်း) အဖွဲ့ဝင်များအား ပေးအပ်ထုတ်ပေးခြင်းသာဖြစ်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)သည် မလေးရှားနိုင်ငံ၊ အလောစတားနယ်မြေတွင် မြန်မာဒုက္ခသည်များနှင့် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာလူမျိုးများ နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားတက်ကြွစေရန် လိုက်လံဟောပြောစည်းရုံးခြင်း၊ မြန်မာပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားမိသားစုများကို ကူညီထောက်ပံ့ကြရန် ဟောပြောလှုံ့ဆော်ခြင်း၊ စသည့် မြန်မာ့အရေးကိစ္စများကိုသာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။

မလေးရှားလ၀ကဥပဒေ၊ ရဲဥပဒေနှင့် ဆန့်ကျင်ငြိစွန်းသော မည်သည့်ကိစ္စများကိုမျှ လုပ်ဆောင်ခြင်းမရှိပါ။ အဖွဲ့ဝင်များထံမှ ရင်းဂစ်ငွေ ၅၀၀ တောင်းခံသည်ဟူသော စွပ်စွဲပြောဆိုထားသည့်နှင့်ပတ်သတ်၍ ၄င်းတို့အဖွဲ့ဝင်များထံတွင်စုံစမ်းရာ၌လည်း မှန်ကန်မှုမရှိဘဲ အဖွဲ့ဝင်ကြေးနှင့် လစဉ်ကြေးကိုသာ ပေးဆောင်ရကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ နိုင်ငံတကာရှိ မြန်မာ့နိုင်ငံရေးအင်အားစုများအနေဖြင့် မတရားဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်စေရန် မလေးရှားအစိုးရအား ၀ိုင်းဝန်းဖိအားပေးကြပါရန်နှင့် UNHCR နှင့် နီးစပ်ပတ်သတ်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှလည်း မတရားဖမ်းဆီးခံရသည့်ကိစ္စအား UNHCR သို့ ၀ိုင်းဝန်းတင်ပြပေးကြပါရန် လေးစားစွာ အကူအညီတောင်းခံအပ်ပါသည်။

(နီးစပ်ရာသို့ forward လုပ်ခြင်းဖြင့် ကူညီပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်)


The list of the arrested people

1) Chit Aye ( 354-06C02158 )
2) Htin Kyaw ( 354-09C00937 )
3) Ko Ko Kyaw
4) San Myint Thein
5) Tin Maung
6) Zaw Lin
7) Thein Tway
8) May Lwin
9) Chit San Maung
10) Alli Baine
11) Phoe Chit

7 comments:

  1. ဟုတ်ကဲ့ ... သတင်း လာယူသွားပါတယ်
    အစ်ကို ညိလေးဆိုက်မှာလည်း တင်ပေးလိုက်မယ်
    အစ်ကို

    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား) ရဲ့ သမိုင်းကြောင်းလေးသိချင်ပါတယ်။ သူတို့ မှာ ပြည်တွင်း တို့ ဗဟိုတို့  ရှိပါသေးလား။

    ReplyDelete
  3. အကိုရေညီလေးဆိုဒ်မှာလည်းထပ်ပီးတော့မျှဝေပေးချင်လို့ လာယူသွားတယ်

    ReplyDelete
  4. ကို မေးထားတဲ့မေးခွန်းကို ပို့စ်တခုအနေနဲ့ထပ်တင်ပေးပါမယ်။

    ReplyDelete
  5. ကျေးဇူးတင်ပါတယ် တကယ်သိချင်လို့ မေးတာပါ ဘယ်လိုရည်ရွယ်ချက်မှ မပါပါဘူး

    ReplyDelete
  6. အဲ့ကောင်ကျောက်ရူး ကျော်ကျော် လုပ်ပုံက

    လူလစ်ပီထင်ပီး ထမင်းဝိုင်း ကို ဝင်ဟတ်တဲ့ ခွေးဇာတ် ခင်းသွားတာပါ၊၊

    ခရမ်းသီးမီးဖုတ်စာတော့ ဒင်းမိတော့မှာပါဗျာ၊၊

    ReplyDelete
  7. ကိုပါလရေ..တိုင်ပင်တယ်ဆိုလည်း..ဟုက်ရဲ့....
    မသိလို့မေးတာဆိုလည်း...ယူဆလို့ရရဲ့.....
    ဒီလို အကွက်မျိုးကိုဘဲပြန်ခင်းပြီးတော့....
    ..ဒီနွားတွေကို..တဆုံးဖြုတ်လို့မရနိုင်ဘူးလားခင်ဗျ...
    ဒီမှာ..ပြည်တွင်းအဆက်အသွယ်ရှိတဲ့..လူကြီးတစ်ယောက်ကတော့်(တော်တော့်ကိုပေါက်တယ်လို့ ပြောလို့ရပါတယ်..လက်ရှိသူ့ သားသမီးတွေက လွတ်တော်ထဲမှာ ရှိလေရဲ့)
    ..လူကြီးဖြစ်လို့ဆင်ခြင်နေတာပါ...
    သူလဲ ဟိုနွားလဒတွေကို တော်တော့်ကို ဆုံးမချင်နေပြီဗျ..အဲ့ဒါ ဘယ်လိုလုပ်သင့် လဲ..
    ကျတော်က တိုင်ပင်ကြည့်တာပါ။
    ကျေးဇူးဘဲနော်..ကိုကြီး...

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။