Sunday, May 29, 2011

NLD-LA (Malaysia) ၏ ငွေလိမ်တောင်းမှု (အသံဖိုင်-၂)

Recording (2) [High quality] by mgpala

အမေစုဟာ အမှန်တရားအတွက် ပြည်သူဖက်က ရပ်တည်နေတာလို့ ကျနော်ယုံကြည်ပါတယ်။ ကျနော်အနေနဲ့လည်း အမှန်တရားတခုအတွက် ဒုက္ခရောက်နေတဲ့ လုပ်ဖော်ကိုင်များဖက်က ရပ်တည်နေတာပါ။ ကျနော်တင်ခဲ့သမျှ စာတွေကလည်း အကျိုးအကြောင်းထောက်ပြပြီး ရေးထားတဲ့စာတွေချည်းပါပဲ။ ဒါကြောင့် အမေစုချပေးထားတဲ့လမ်းကြောင်းပေါ်မှာပဲ ရပ်တည်နေတာပါလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ လိမ်ညာလုပ်စားနေကြတဲ့ NLD-LA (Malaysia) ကို ဥပေက္ခာပြုပြီး ကျနော်ရပ်လိုက်မယ်ဆိုရင် အမေစုချပေးထားတဲ့ လမ်းကြောင်းပေါ်က ခွဲထွက်လိုက်တာနဲ့ အတူတူပါပဲလို့ ကျနော်ခံစားရပါတယ်။ အမေစုနဲ့တုနှိုင်းမရပေမယ့် အမေ့လိုစိတ်ဓာတ်ကိုမွေးမြူရင်း ယုံကြည်မှု၊ ရိုးသားမှုတွေနဲ့သာ ရပ်တည်လှုပ်ရှားနေရတဲ့ အညတြအမေ့သားတွေရှိနေပါတယ်ဆိုတာ အမေသိစေချင်ပါတယ်။

မောင်ပါလ

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။