Sunday, May 29, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုအသံ

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အမေးအဖြေများမှ ထုတ်နှုတ်ဖော်ပြပါသည်။

နိုင်ငံရေးပါတီနဲ့ ခေါင်းဆောင်ပိုင်းအခန်းကဏ္ဍကို ယှဉ်ထိုး မေးထားသူကတော့ မျိုးစောင့် ဆိုတဲ့ သောတရှင် ဖြစ်ပါတယ်။

မေး။ ။ အန်တီစုခင်ဗျား၊ ကျွန်တော်တို့ပြည်သူတွေ ပုံအောပေးလိုက်တဲ့ တစ်ပွဲထိုးမဲတွေကြောင့် အနိုင်သွား တဲ့ ပါတီတစ်ခုမှာ အာဏာရတော့မယ်ဟေ့ဆိုပြီး ပါတီခေါင်းဆောင်အနားကပ်ကာ ဒီမိုကရေစီကျကျ မဟုတ် ဘဲ ပါတီကို လက်သိပ်ထိုး အုပ်စိုးသွားလိုသူတို့ အရေးတစ်ခု ကြားနေရပါသည်။ ခေါင်းဆောင်ဆိုသူကလည်း နိုင်ငံရေးအတွေ့အကြုံမရှိလျှင်၊ အမြင်ကျယ်ကျယ် မကြည့်တတ်သူဆိုရင်တော့ ပါတီတွင်းညီညွတ်မှုကို လုပ်ပေးနိုင်မှာမဟုတ်သလို ကြားရပါသည်။

နိုင်ငံရေးအသိပြည့်ဝမှု၊ အနစ်နာခံမှုတွေနဲ့သာ နိုင်ငံရေးအလိမ်မခံရဘဲ တိုင်းပြည်ကို တည်ဆောက်သွားနိုင် မှာလို့မြင်ပါသည်။ ကိုယ့်အကျိုးစီးပွားရှေးရှုကာ ကိုယ့်အသိုင်းအ၀ိုင်းပါတီဖြစ်အောင် အုပ်စုဖွဲ့ လုပ်ကြမည် ဆိုရင်တော့ ပြည်သူထောက်ခံမှုကို ဆက်လက်မျှော်လင့်နိုင်မှာမဟုတ်လို့ထင်မြင်ပါသည်။ နိုင်ငံရေးပါတီတစ်ခု အမျိုးသားရေးအတွက် ရပ်တည်သွားနိုင်ဖို့ ခေါင်းဆေင်ပိုင်းက ဘယ်လိုဖြစ်သင့်တယ်၊ ပြုသင့်တယ်ဆိုတာကို အန်တီ့အနေနဲ့ ယေဘုယျသဘော ရှင်းပြပေးစေလိုပါသည်ခင်ဗျား။

ဖြေ။ ။ နိုင်ငံရေးပါတီတခု အမျိုးသားရေးအတွက် ရပ်တည်နိုင်ဖို့ဆိုတာ အဓိကအားဖြင့် ပြည်သူရဲ့ ယုံကြည် ထောက်ခံမှုပေါ်မှာ တည်ပါတယ်။ ဒါ့ကြောင့်မို့ ပါတီရဲ့ခေါင်းဆောင်ပိုင်းတင်မက ပါတီဝင်အများစုဟာ ပြည်သူ နဲ့ဆက်ဆံတဲ့နေရာမှာ ပွင့်လင်းဖြောင့်မတ်ဖို့လိုပါတယ်။ အခွင့်အရေးလိုချင်လို့ ပါတီထောင် နိုင်ငံရေးလုပ်တဲ့ ပုဂ္ဂိုလ်တွေကို တချိန်မဟုတ်တချိန်မှာ ပြည်သူက အရှိအရှိအတိုင်းမြင်ပြီး စွန့်ခွာသွားမှာပါ။
အများသိကြတဲ့ အဆိုတခုရှိတယ်လေ။ “လူအချို့ကို အမြဲတစေ လှည့်ဖျားနိုင်ကောင်း လှည့်ဖျားနိုင်မယ်၊ လူ အားလုံးကို တခန လှည့်ဖျားနိုင်ကောင်း လှည့်ဖျားနိုင်မယ်၊ ဒါပေမဲ့ လူအားလုံးကိုတော့ အမြဲတစေ လှည့်ဖျား လို့ မရပါဘူး။”

အမေက အဲလိုပဲခေါ်လို့ပါဆိုပြီး အထက်အညာက မိဝင်းဝါဆိုတဲ့ နာမည်နဲ့ သောတရှင်က ဒေါ်အောင်ဆန်း စုကြည်အပေါ် ဝေဖန်တာတွေနဲ့ပတ်သက်ပြီး သဘောထားကို မေးထားပါတယ်။

မေး။ ။ ကျမ ဒေါ်ဒေါ်စုကို မေးချင်နေတာကြာပါပြီ။ မမေးရဲလို့ပါ။ အခုတော့ သူငယ်ချင်းတွေကလည်း ပြောတာနဲ့ အရဲစွန့်ပြီးတော့ မေးလိုက်ပါပြီ။ ဒေါ်ဒေါ်စုကို ဝေဖန်ကြတာတွေ ကျမ ကြားဖူး ဖတ်ဖူးပါတယ်။ ဒေါ်ဒေါ်စုက ခေါင်းမာတယ်လို့ ပြောကြတာလည်း ကြားဖူးတယ်၊ စသဖြင့်ပေါ့လေ ... ကျမသိချင်တာက ဒေါ်ဒေါ်စုအပေါ် ဝေဖန်ကြတာတွေကို သိပါသလား၊ သိတယ်ဆိုရင် အဲဒီလို ဝေဖန်တာတွေအပေါ် ဘယ်လို သဘောထားပါသလဲရှင့်၊ အဲဒီလို ဝေဖန်တာတွေကြောင့် စိတ်ဆိုးတာတို့ စိတ်တိုတာတို့ ဖြစ်ဖူးလားလည်း သိချင်ပါတယ်ရှင်။

ဖြေ။ ။ နှစ်နဲ့ချီပြီး သတင်းစာတွေထဲမှာ ဆောင်းပါးပေါင်း မြောက်များစွာနဲ့ ဝေဖန်တိုက်ခိုက်တာ ခံခဲ့ရတာ ကို မသိဘဲတော့ ဘယ်ရှိပါ့မလဲ။ ဝေဖန်တယ်ဆိုတာ ဝေဖန်တာတွေက အခြေခံ အကြောင်းရင်းရှိရင် ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ ဆင်ခြင်ပြီး ကြိုးစားရမှာဖြစ်ပါတယ်။ အခြေမဲ့ တိုက်ခိုက်တာဆိုလို့ရှိရင် ခေါင်းထဲထား စရာ မလိုပါဘူး။


တကယ်တော့ ဝေဖန်မှုဆိုတာ ဝေဖန်ခံရသူထက် ဝေဖန်သူရဲ့ စိတ်နေသဘောထားကို ပိုပြီးတော့ ထင်ရှားစေ တယ်လို့ ထင်ပါတယ်။

1 comment:

  1. တကယ်တော့ ဝေဖန်မှုဆိုတာ ဝေဖန်ခံရသူထက် ဝေဖန်သူရဲ့ စိတ်နေသဘောထားကို ပိုပြီးတော့ ထင်ရှားစေ တယ်လို့ ထင်ပါတယ်။


    စောက်ရူး ကြောင်ကြောင်လိုပေါ့၊၊

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။