Wednesday, May 25, 2011

NLD-LA (Malaysia) က မြန်မာလူထုနဲ့ မီဒီယာကို ဒီလိုလိမ်ပါတယ်

မလေးရှားတွင် အလုပ်လုပ်နေသည့် မြန်မာလူမျိုးတဦးထံမှ ကျော်ကျော်ဦးဆောင်သော NLD-LA (Malaysia) မှ UNHCR ရပါမည်ဆိုကာ ပိုက်ဆံ ၄၆၀ ရင်းဂစ်တောင်းပြီး ယနေ့ထိမရသေးသူတဦး၏ အသံဖိုင်ဖြစ်ပါသည်။

NLD-LA (Malaysia) မှ ပါတီဝင်တဦးတည်းအား ထုတ်ပေးထားသောကဒ် ၂-ခု

Democracy for Burma ဆိုဒ်တွင် တင်ထားသော NLD-LA (Malaysia) ၏ ကြေငြာချက်ကို ဖတ်မိပြီး သူပေးခဲ့ရသော ငွေကြေးနှင့် အဆမတန်ကွာခြားနေသည့်အတွက် ရင်ဖွင့်ပြောထားခြင်းဖြစ်သည်။


UNHCR သို့ BIO လိမ်တင်ရန်အတွက် NLD-LA (Malaysia) မှ
ဇော်မြင့် ရေးပေးသော ရင်းဂစ် ၅၀-တန် BIO

Recording 00 00 00-00 04 40 by mgpala

http://democracyforburma.wordpress.com ပိုင်ရှင်များမှာ မလေးရှား NLD-LA အမည်ခံ အတုအယောင် နိုင်ငံရေးသမား လူလိမ်ကျော်ကျော်၏ လုပ်ရပ်များကို အတွင်းကျကျ မသိသေးဟု ယူဆရပါသည်။ http://democracyforburma.wordpress.com ပိုင်ရှင်များနှင့် နီးစပ်သူများအနေနှင့် ကျော်ကျော်၏ လိမ်ညာနေမှုများကို democracyforburma သို့ ထပ်မံပေးပို့ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးနှင့် တော်လှန်ရေးလမ်းကြောင်းရှိ ဆူးငြောင့်ခလုတ်များဖြစ်သော စုန်းပြူးများကို ဖယ်ရှားရာတွင် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

NLD-LA (Malaysia) ၏ လိမ်လည်မှုကို ခံရသော မလေးရှားမှ မြန်မာလူမျိုးများသည် မိမိတို့၏ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောကြားပြီး မြန်မာ့နိုင်ငံရေး၊ တော်လှန်ရေးအတွက် တဖက်တလမ်းမှ ကူညီလိုပါက mgpala@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

(မတရားမှုတခုမှာ ကြားနေတယ်ဆိုရင် သင်ဟာ ဖိနှိပ်သူဖက်ကလိုက်ဖို့ ရွေးချယ်ခဲ့တာနဲ့ အတူတူပါပဲ-မာတင်လူသာကင်း)

မောင်ပါလ
၂၅.၅.၂၀၁၁

1 comment:

  1. အရမ်းမှန်ပါတယ် ကျနော်ကိုတိုင်လဲကြုံခဲ့ရပါတယ် ။ ကျတော်ကို ၈၅၀ရင်းဂစ်တောင်းပါတယ် ၊ အယုံအကြည် မရှိတော့လို့ မပေးလိုက်ပါဖူး။ အမှန် တကယ် မြန်မာနိုင်ငံ မှာ တိုက်ပွဲဝင်ပီး တိမ်းရှေင်လာသူတယောက် အနေနဲ့ စော်ကားတယ် ထင်လို့ပါ။ ဒီအတိုင်းခိုးကြောင်ခိုးဝှက် နေခဲ့ရတာ ၂၀၀၇ ကတည်းက ပါ။ ကျတော့် nld ကဒ်ကတော့ သက်တမ်း ကို မတိုးတော့တာ ။ စိတ်ကုန်လို့။

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။