Wednesday, May 25, 2011

မြန်မာကို မြန်မာက ဂုတ်သွေးစုပ်တာ မခံကြနဲ့ဟေ့

ကျနော် မလေးရှားကို သုံးလေးခေါက် ရောက်ခဲ့ပါတယ်။ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ UNHCR က တရားဝင် အသိအမှတ်ပြုခံရဖို့အတွက် ငွေ, ပေးရတာကို တွေ့မိတယ်။ ဘယ်သူတွေကိုပေးရလဲဆိုတော့ အဖွဲ့အစည်းတွေကိုပေးရတယ်။ ဘယ်အဖွဲ့အစည်းတွေလဲလို့မေးရင် ဒီလိုပြောရပါလိမ့်မယ်။

မလေးရှားမှာ ချင်းဒုက္ခသည်များအဖွဲ့၊ ကရင်ဒုက္ခသည်များအဖွဲ့၊ ရခိုင်ဒုက္ခသည်များအဖွဲ့၊ ဗမာဒုက္ခသည်များအဖွဲ့ ဆိုပြီးဒုက္ခသည် အဖွဲ့အစည်းအတော်များများရှိပါတယ်။

နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ လူ့ဘောင်သစ်ဌာနခွဲ၊ NLD-LA ဌာနခွဲ၊ ဟိုဌာနခွဲ၊ ဒီဌာနခွဲတွေလည်း တစ်ပုံကြီးပါ။

UNHCR လျှောက်ချင်တဲ့ ဒုက္ခသည်တွေဟာ ထိုင်းမှာလို UNHCR ရုံးကိုသွားပြီး လျှောက်လွှာတင်လို့မရဘူး။ အဲဒိတော့ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေဆီကိုသွားပြီး သူတို့ရဲ့ အဖွဲ့ဝင် လုပ်ရပါတယ်။ ၀င်ကြေးပေးရပါတယ်။ လစဉ်ကြေးပေးရပါတယ်။ ဒီလိုပေးပြီးတာနဲ့ သူတို့ရဲ့ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးပါတယ်။ ဖရိုဖရဲ လုပ်ထားတဲ့ အဖွဲ့ဝင်ကတ်လေးတစ်ခု ရပါတယ်။ ဒီလို စုတ်ပြတ်သတ်နေတဲ့ ကတ်လေးတစ်ခုရဖို့အတွက် ရင်းဂစ်ငွေ လေးငါးရာလောက်ပေးရတာကို ရင်နာလို့ပါ။ မြန်မာငွေနဲ့ဆိုရင် နှစ်သိန်းလောက်အနည်းဆုံးပေါက်တယ်။

UNHCR က ဒုက္ခသည်တွေကို အသိအမှတ်ပြုတဲ့ ပုံစံကလည်း အတော်ဟာသမြောက်ပါတယ်။ ဒီလ,ကြရင် ကရင်ဒုက္ခသည်အဖွဲ့ကို လူ (၅၀၀) ချပေးမယ်။ ဟိုလကြရင် ရှမ်းအဖွဲ့ကို လူနှစ်ရာစာချပေးမယ်ဆိုပြီး လုပ်ပါတယ်။ ဒါကိုအခွင့်အကောင်းယူပြီး အဖွဲ့အစည်းတွေက ဘယ်လိုလုပ်လဲဆိုတော့ အဖွဲ့ဝင်ကတ်တစ်ခုရဖို့အတွက်ဆိုပြီး ငွေတွေအများကြီးတောင်းပါတယ်။

တချို့ အဖွဲ့တွေဆိုရင် ရင်းဂတ် (၇၀၀) ထိပေးရပါတယ်။ အလုပ်သမားတစ်ယောက်ရဲ့ လစာက ရင်းဂစ်ငွေတစ်ရက်ကို ၃၀-၄၀ လောက်ရတဲ့လူဟာ (၇၀၀) ပေးရပြီဆိုတော့ ဘယ်လောက် ခေါင်းပုံဖြတ် အမျက်ကြီးစားပြီး စီးပွားဖြစ်နေကြလဲဆိုတာ သိလောက်ပါပြီ။

ကျနော်အတော် ဒေါသထွက်မိတယ်။ အလုပ်သမားတွေကလည်း ဒုက္ခသည် UNHCR လက်မှတ်ရရင် မလေးရှားမှာ အဖမ်းအဆီးမခံရနိုင်ဘူးဆိုတော့ တောင်းသလောက် ပေးတဲ့လူအတော်များပါတယ်။ လူတိုင်းနီးပါး UN ကတ်ကို လိုချင်ကြပါတယ်။

ဗမာပြည်က Passport နဲ့ အလုပ်လာလုပ်တဲ့လူတွေလည်း မြန်မာသံရုံးရဲ့  အခွန်တောင်းတဲ့ဒဏ်ကို မခံနိုင်တော့ UN ကတ်ဆီကို လှည့်ကြပါတယ်။ ကံကောင်းရင် နိုင်ငံခြားကိုလည်းရောက်နိုင်တာပေါ့။ ဒီလိုရည်ရွယ်ချက်နဲ့ ငွေ ပေးရလည်း လုပ်ကြပါတယ်။ သူတို့လည်း သိပါတယ်။ UN ကတ်ဆိုတာ အခမဲ့ လုပ်ပေးတဲ့အရာလို့သိပါတယ်။

ဒါပေမဲ့ UNHCR မလေးရှားရုံးရဲ့ မှားယွင်းတဲ့ စနစ်ကြောင့် ကြားပွဲစား အဖွဲ့အစည်းက ခေါင်းဆောင်တွေ သူဌေးဖြစ်ကုန်ကြပါတယ်။

တခါတုန်းက ရှမ်းဒုက္ခသည်အဖွဲ့အစည်းတစ်ခုရဲ့ ရုံးထဲကို ၀င်သွားပါတယ်။ သွားပြီးလေ့လာခဲ့တယ်။ ကျနော် သြစတျေးလျက လာတယ်ဆိုတာ သူတို့မသိပါဘူး။ ကျနော်မိတ်ဆွေက မိတ်ဆက်ပေးတဲ့အချိန်မှာတော့ ဒီလူတွေမျက်နှာပျက်နေကြပြီ။ သူတို့မရိုးမသားလုပ်တာဆိုတော့ ကိုယ့်စိတ်ကို ကိုယ်မလုပ်ကြဘူးထင်ပါရဲ့ ။ ကျနော်လည်း ဘာမှ မပြောခဲ့ပါဘူး။ ကျနော်သွားတဲ့အချိန်မှာ UN ရုံးက ရှမ်းဒုက္ခသည်အဖွဲ့ကို လူဦးရေ ဘယ်လောက်လဲ မသိဘူး ချ, ပေးမယ် ကြားလို့ဆိုပြီး အဖွဲ့ဝင်ကတ်လာလျှောက်ကြတဲ့ လူတွေများနေတဲ့အချိန်ပေါ့။ လူက တိုးလို့တောင် မပေါက်ဘူး။

အဖွဲ့ဝင်ကြေး၊ လစဉ်ကြေးပေးရတဲ့ ငွေတွေက နည်းတာမဟုတ်ပါ။ အဖွဲ့ဝင်ဦးရေကလည်း ထိုင်းက ABSDF တို့ NLD (LA) တို့ထက်များပါတယ်။ အနည်းဆုံး အဖွဲ့ ဝင်ဦးရေ လေးငါးထောင်ရှိပါတယ်။ ချင်းဒုက္ခသည် အဖွဲ့ဆိုရင် သုံးလေးသောင်းတောင် မကဘူးလို့သိရပါတယ်။ တစ်ယောက်ကို ရင်းဂစ်ငွေ (၁၀) ပဲထား။ လူတစ်သောင်းရှိရင် ရင်းဂစ်ငွေ တစ်သိန်းရပြီပေါ့။ ဒါက လစဉ်ကြေးပါ။ လစဉ်ပေးရတဲ့ မန်ဘာကြေးပါ။ ဘာကြေးညာကြေး မရှိသေးတဲ့ ရိုးရိုးသားသား တရားဝင်ကြေးပါ။ ဒီငွေတွေ ဘယ်ရောက်သွားလဲ။ ဘာလုပ်ပစ်ကြလဲ။

အဖွဲ့အစည်းတွေမှာ စနစ်တကျရှိတဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

နောက်ဆုံး UNHCR မလေးရှားရဲ့ စနစ် မကောင်းမှု့ ကြောင့်ဒီလိုပေါ်ထွက်လာတာပါ။ ဘယ်သူတွေနစ်နာလဲဆိုတော့ တကယ်ရိုးသားတဲ့ မြန်မာတွေပဲ နစ်နာရပါတယ်။ လည်လည်ဝယ်ဝယ်၊ နိုင်ငံရေးရောင်ရောင်၊ လူမှုရေးသမားအရေခြုံ မအေလိုးသူခိုးတွေပဲ သူဌေးဖြစ်ကုန်ပါတယ်။ ကာတွေဝယ်စီးနိုင်တယ်။ မြန်မာပြည်မှာ တိုက်နဲ့အိမ်နဲ့ နေနိုင်တယ်။ မြန်မာလူမျိုးကို မြန်မာလူမျိုးက ဂုတ်သွေးစုပ်တာ မလေးရှားမှာ မမြင်ချင်ဆုံးပါ။

ဒါက UNHCR ကတ် ဆိုတဲ့ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ကတ်လေးတစ်ခုကို အကြောင်းပြုပြီး လူပေါ်လူစီးတဲ့ သာဓက တစ်ခုပါ။

Agency က လိမ်လို့ ဖာ,ဖြစ်သွားတဲ့ မြန်မာအမျိုးသမီးကောင်းလေးတွေ။ ပွဲစားကြောင့် ဗမာပြည်က ရှိစုမဲ့စု ပျဉ်ထောင်အိမ်နဲ့ ယာလေး ပျောက်သွားတဲ့ မြန်မာတွေ အများကြီး။ ဒါတွေကို ဘယ်သူက လုပ်လဲဆိုတော့ ကိုယ့်လူမျိုး မြန်မာတွေပါပဲ။ တိုင်းတပါးမှာ မြန်မာလူမျိုးကို မြန်မာလူမျိုးက မုဒိမ်းကျင့်တယ်။ ရောင်းစားတယ်။ သတ်တယ်။ ခိုးတယ်။ ဒမြတိုက်တယ်။ ဒီလိုလူမျိုးတွေကို နီးစပ်ရာတိုက်ခိုက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဘုန်းကျော်
http://phonekyaw.blogspot.com/

5 comments:

  1. UNHCR ဆိုတာ မြန်မာ့တော်လှန်ရေးလမ်းကြောင်းပေါ်က ဖယ်ရှားပစ်လို့မရတဲ့ အမှိုက်ပုံကြီးပါ။

    ReplyDelete
  2. UNHCR ဆိုတာ နိုင်ငံေ၇းသမားတွေ၇ဲ့ င်္သချိုင်း.......
    တိုင်းရင်းသားအဖွဲ့ တွေမှာချင်းအဖွဲ့ တွေ ပြီး အရင်ဆုံး UN ကခွဲတမ်းချထားပေးခြင်းခံရတာ ရုမ်းအဖွဲ့ ပါ ။ ရုမ်းရုံက ပထမဦးဆုံးရတဲ့ခွဲတမ်း ကို ထိုင်းကနေ ဘတ် ၃၀၀၀၀(မြန်မာကျပ်ငွေ ၁၅သိန်)နဲ့ နီးစပ်ရာတွေကိုရောင်းပါတယ်.. တချို့ မိန်ကလေးတွေ ပိုက်ဆံမပေးနိုင်လို့ တာဝန်ရှိပုဂ္ဂိုလ်က အခန်တံခါးပိတ်ကာ စန္ဒ၇ားနှိပ် တာခံရပါ..ထို့ နောက်မခံနိုင်တဲ့ မိန်ကလေးတွေက UN အင်းတာဗျူးမှာတိုင်းလို့ ရှင်းလိုက်ရပါတယ်။။ရခိုင် တိုင်းရင်းသားတွေကိုပူချုးရုံကို ပထမအကြိမ်ပေးပါတယ်။ယခုအခါမြန်မာတွေကို ခွဲတမ်းချတော့ ပူးဒူရှိရခိုင်အဖွဲ့ ကိုပေးပါတာ တချို့ တွေ ထိုင်းကနေ လှမ်းဝယ်ကြတယ်။ အချို့ မြန်မာလူမျိုးတွေ RTS ရမယ်ဆိုပြီး ၃၀၀၀ပေးရတယ်.ရက်ချိန်စာရွက်ကို မသိနားလည်းတဲ့လူတွေကို နားလှည့်ပါးရိုက် RST ဟုပြောပြီး ရခိုင်ရုံးကေ၇ာင်းစားပါတယ်။

    ReplyDelete
  3. ဒီပိုစ်ကို က၇င်ဘလောဘ်(ကိုးဒီသွေး)ကနေ ကိုဘုန်းကျောင်သို့ ဟုပိုစ်ခေါင်းစဉ်ဖြင့်ပြန်လည်ဖြေရှင်းထားပါတယ်းးးးးးးကရင်အဖွဲ့ ကို ထပ်မေးလိုက်ပါးးးးးတကယ် ကရင်အဖွဲ့ က ပိုက်ဆံယူတဲ့ ကိစ္စမရှိဘူးလာလို့ သေသေချာချာစဉ်းစား ပြီး၇င်ပြန်ဖြေ အထောက်အထားနဲ့ ရှင်းမယ်

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။