Saturday, October 6, 2012

ရုပ်သေးရုပ်

ရုပ်သေးရုပ်



လက်အချိုး ခြေအတိုးနဲ့
ကကြိုးကကွက်တွေက ဆန်းတယ်။

ခြေအသိမ်း လက်အနှုတ်နဲ့
သရုပ်ပြနေတာလည်း လန်းတယ်။

အဆိုကောင်း အငိုကောင်းနဲ့
ပလီပလာ တီတီတာတာပြော
ပရိတ်သတ်တွေ သဘောကျ
သောင်းသောင်းဖြဖြ သြဘာပေး
ပထွေးတွေ အလိုတော်ကျ
ငိုချင်းလည်းချတယ်။

ကြည့်စမ်း…. ကြည့်စမ်း……
ခပ်လှမ်းလှမ်းဆိုရင် မသဲကွဲ
ခေါင်း၊ ခါး၊ ခြေ၊ လက် ကြိုးတွေတွဲလို့
ခပ်ရဲရဲရှေ့ကိုတိုးကြည့်
ပကတိအတိုင်း သိလိမ့်မယ်….
ထိုင်ဆိုထိုင် လုပ်ဆိုလုပ်
သူများခိုင်းတိုင်း ရှုပ်နေရတဲ့
တကယ်တော့ သူဟာရုပ်သေးရုပ်။ ။

မောင်ပါလ
၆.၁၀.၂၀၁၂

2 comments:

  1. ကဗျာလေးလန်းတယ် ကိုပါလရေ.....

    စစ်မှန်တဲ့ ကိုယ်ပိုင်အကနဲ့ တင်ဆက်မယ့် မင်းသမီး

    ကန်လန့်ကာနောက်ကွယ်က ထွက်ခွင့်ရမယ့်ရက်

    မျှော်လင့်နေတယ်ဗျာ ။

    ReplyDelete
  2. လင့်ခ်ချိတ်ထားလိုက်တယ် အကိုရေ .....

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။