Sunday, January 15, 2012

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများ အဖမ်းခံရပြီးနောက် အလုပ်ပြန်လုပ်နိုင်

မလေးရှားနိုင်ငံ၊ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော လူမှောင်ခိုကူးခံရသည့်သားကောင်များအနေနှင့် ၄င်းတို့လွတ်မြောက်သည့်အခါ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ခွင့်မရနိုင်ပဲ မူရင်းနိုင်ငံသို့သာ ပြန်ပို့ခံရသည့် ဥပဒေကို ယခုအခါ ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Datuk Seri Hishammuddin Hussein ကပြောကြားသည်။

ဒီကြီးမားတဲ့ မူဝါဒဆုံးဖြတ်ချက်ဟာ မလေးရှားနိုင်ငံရဲ့ ခိုင်မာတဲ့လုပ်ဆောင်မှုတခုဖြစ်ပြီး လူမှောင်ခိုကူးခံရသူများအား ထိရောက်တဲ့ကာကွယ်မှုရရှိနိုင်ဖို့ လုပ်ငန်းစဉ်တခု ဖြစ်ကြောင်း သူက ပြောသည်။ ထိုသူများထံမှ အချက်အလက်များစွာကို စာရင်းပြုစုထားမည်ဖြစ်ပြီး အတိအကျဆိုရလျှင် လူကုန်ကူးခံရသူ၏ ဦးစားပေးခွင့်ပြုမှု၊ လူကုန်ကူးခံရသူများသည် နိုင်ငံတွင်းသို့ တရားဝင်လာရောက်သည်ဖြစ်စေ၊ တရားမ၀င်လာရောက်သည်ဖြစ်စေ မူရင်းနိုင်ငံသိုပြန်လျှင် ၄င်းတို့လုံခြုံမှုအတွက် တာဝန်မယူနိုင်ကြောင်း သက်ဆိုင်ရာ သံရုံးများ၏ သဘောထား စသည်တိုဖြစ်သည်။

မလေးရှားနိုင်ငံသည် လူကုန်ကူးခံရသူများအား အလုပ်လုပ်ခွင့်ပြုနိုင်ရန်အတွက် ဖြစ်နိုင်ခြေများကို လေ့လာနေခဲ့သည်။ ယခုအခါ ၄င်းလူကုန်ကူးခံရသူများသည် ထိန်းသိမ်းရေးစခန်းများတွင် ယာယီ အလုပ်လုပ်ကိုင်လျက်ရှိသည်။

Ref : The Star

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။