Monday, December 19, 2011

လွဲနေတဲ့ကာရန်

“လွဲနေတဲ့ကာရန်”

ပန်းတွေရိုင်းလာရတာ
ဟောဒီမြေကြီးကြောင့်...
ဂုဏ်သရေရှိ မျက်နှာဖုံးနဲ့
စိတ်ဓာတ်တွေ လောက်တက်နေတဲ့
ခင်ဗျားတို့ ရင်ဘတ်ထဲမှာ....
............
............
မသာမယာနဲ့
မသာကောင်မျက်နှာပေးနဲ့
ရိုးရာခေါင်းပေါင်းဟာ
ခင်ဗျားတို့ ခေါင်းပေါ်ရောက်မှ
ကျက်သရေတုံးလိုက်တာဗျာ...။

သားသတ်သမားနဲ့ သားချော့တေး
လားလားမှ မအပ်စပ်တာ
ခင်ဗျားတို့ပြောတဲ့ ပြည်ချစ်စကား
ဒီမှာ ဘ၀တွေပါးလိုက်လာပြီ။

ဘယ်တုန်းကမှ....
ဘယ်သူကမှ....
မယုံကြည်တဲ့ ဒီပုံပြင်
မြင်ပြင်းကပ်စရာ ကောင်းလိုက်ပုံများ
သေနတ်မိုးတဲ့ ငြိမ်းချမ်းရေး
ခင်ဗျားတို့အမေ့လင်နဲ့ အရင်ညှိကြည့်ပါအုံး။

ဒီမှာ.....
ပြည်တော်ပြန်အလွမ်းတေး
ရေးမလို့ စိတ်ကူးလိုက်တိုင်း
စကားလုံး ရှားပါးလိုက်ပုံများ
“တောက်” ခေါက်သံပဲ ထွက်ထွက်လာတယ်။

ညီမင်းသစ် (NMT)

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။