Monday, October 17, 2011

စောင့်မျှော်လျှက်ပါ ကိုဖေသောင်း

''စောင့်မျှော်လျှက်ပါ ကိုဖေသောင်း''

နေစောင်းရင်
အရည်တောင်းတတ်တဲ့
ကိုဖေသောင်းရေ..........
နွေတပေါင်းလွန်လို့
ရွှေဒေါင်းတွန်သံသာမယ့်အချိန်မှာ
ငွေတကောင်းထဲ အရည်ပြည့်ထည့်လို့
(ဒို့ညီအကိုတတွေ)
တချီတမောင်းဆွဲမယ့်တရက်
မနက်ဖြန်မနက်သာ ဖြစ်လိုက်ချင်တယ်။

မောင်ပါလ
၁၈.၁၀.၂၀၁၁
(နောက်ကြည့်မှန်မပါသော ကိုမင်းကိုနိုင်မွေးနေ့သို့....)

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။