Saturday, October 1, 2011

သူတို့တွေကို အရင်လွှတ်ပါ


နိုင်ငံရေးအကျဉ်းသားပဲပြောပြော၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေပဲဆိုဆို၊ တကယ်တော့ သူတို့တွေဟာ တိုင်းပြည်ကို စစ်အာဏာရှင်လက်ထဲကဆွဲထုတ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်ဆွဲတင်ပေးနေသူတွေဖြစ်ပြီး စစ်အာဏာရှင်တွေက မတရားတဲ့နည်း၊ ဥပဒေတွေနဲ့ ထောင်ချ ညှင်းပန်းနှိပ်စက်နေခဲ့တာပဲ ဖြစ်တယ်။

လက်ရှိကြံ့ဖွတ်အစိုးရက တိုင်းပြည်ကို ဒီမိုကရေစီနည်းအရ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိမယ်ဆိုရင်တော့ စစ်အာဏာရှင်တွေဆီကနေ ဒီမိုကရေစီကိုတောင်းဆိုတိုက်ပွဲဝင်လို့ ထောင်ထဲရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်လွှတ်ပေးရမယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ပေးဆွဲထားသလို ဟိုဟာနဲ့လဲမယ်၊ ဒီဟာလုပ်ပေးရင် လွှတ်မယ်ဆိုရင်တော့ ကြံ့ဖွတ်အစိုးရရဲ့ ဒီမိုကရေစီကို ဖော်ဆောင်နေပါတဲ့ဆိုတဲ့စကားဟာ အပြောတမျိုး၊ အလုပ်တမျိုးသာ ဖြစ်နေပါသေးကြောင်း သက်သေပြနေပါတယ်။

ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ အရင်လွှတ်ပေးပါ။

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။