Sunday, May 29, 2011

“မြေခွေးအူသံ”

မြန်မာပြည်သူများ နှစ်သက်စွာ အမြဲတမ်းနားဆင်နေသော RFA သတင်းဌာနမှ (၂၁-၅-၁၁) ခုနှစ် စနေညပိုင်း အစီအစဉ်တွင် မေးမြန်သူ ဦးဘအောင်၊ ဒေါ်စန်းစန်းတင်တို့နှင့် ဖြေဆိုသူဆစ်ဖလစ်ကျော်ကျော်တို့၏ အင်တာဗျူးပင်ဖြစ်သည်။ ဆစ်ဖလစ်ကျော်ကျော်ဟု ခေါ်ဆိုရခြင်းမှာ မလေးရှားနိုင်ငံရေးလောကသို့မ၀င်မီ ကားဆေးမှုတ်အလုပ်ကို လက်ကြောတင်းအောင်မလုပ်တဲ့သူ စပရေးကျော်ကျော်မှ မလေးရှားနိုင်ငံရေးသို့ ၀င်လာသောအခါ နိုင်ငံရေးကိုလုပ်စားပြီး အမျိုးသားရေးစိတ်ဓါတ် ဖေါက်ပြန်နေသော လူတဦးဖြစ်သောကြောင့် စပရေးကျော်ကျော်ဘ၀မှ ဆစ်ဖလစ်ကျော်ကျော်ဟု ခေါ်ဆိုရခြင်းဖြစ်သည်။

ယခုဖမ်းဆီးခံနေရသောရဲဘော်များသည် မလေးရှားနိုင်ငံရှိ မြန်မာပြည်သူများအရေး တတ်စွမ်းသမျှ အဖက်ဖက်က ရိုးသားစွာ ကူညီဆောင်ရွက်ပေးနေသူများဖြစ်ပြီး ပါတီနိုင်ငံရေးမူအတိုင်း လုပ်ကိုင်နေသူများဖြစ်သည်။ RFA သတင်းဌာနမှ သတင်းရရင်ပြီးရောဆိုပြီး ဖေါ်ပြသောသတင်းသည် အခြေအမြစ်မခိုင်တဲ့ သတင်းပင်ဖြစ်ပါသည်။

NLD ကဒ် အတုလုပ်သောဂိုဏ်း၊ မသမာသူများဟု စွပ်စွဲပြောဆိုသွားသော စကားလုံးများမှာ စစ်အာဏာရှင် လက်သုံးစကားဖြစ်သော မသမားသူများ၊ အကြမ်ဖက်သမားများ၊ အဖျက်သမားများဟူသော အလုံးကြီးများကို ဆစ်ဖလစ်ကျော်ကျော်မှ ခံတွင်းတွေ့ကာ ပြောဆိုမှုအပေါ် ဦးဘအောင်၊ဒေါ်စန်းစန်းတင်တို့ကလည်း သံယောင်လိုက်ကာ နိုင်ငံရေးလုပ်စားသူကို အားပေးရာရောက်နေပါသည်။

နောက်တချက် မောင်ဒါနအနေဖြင့် ပြောချင်သည်မှာ NLD ပါတီသည် ယနေ့တိုင် အနှစ်(၂၀) ကျော်ဖြတ်သန်းလာသည့် ပါတီ၏မူ၊ပါတီ၏လုပ်ငန်းစဉ်များကို လေ့လာတွေ့ရှိရသည်မှာ လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်နိုင်သည့် ပါတီကြီးတရပ်ဖြစ်ပြီး ဗမာပါတီ၊ဗမာအဖွဲ့ဟု ဆစ်ဖလစ်ကျော်ကျော်မှ ခေါ်ဆိုသုံးနှုံးထားခြင်းသည် ပါတီ၏ ဂုဏ်သိဏ္ခာကို ထိခိုက်သည်သာမက ပါတီကိုဦးဆောင်သော ခေါင်းဆောင်များနှင့် ပါတီထုတရပ်လုံးကိုပင် စော်ကားလိုက်ခြင်းပင်ဖြစ်သည်။


NLD လူငယ် အလုပ်အမှုဆောင်များအဖွဲ့မှ ရဲဘော်များလုပ်ဆောင်နေသော ပါတီဝင်ကဒ်ပြားများသည် ပါတီဝင် များအတွက်သာဖြစ်သည်။ ထိုသို့မှန်မှန်ကန်ကန်လုပ်ဆောင်နေသော လုပ်ရပ်ကိုယ်ပင် “ရဲမှ စုံစမ်းနေသည် ရဲအား အကြောင်းကြားထားသည်” ဟု အင်တာဗျူး၌ပြောဆိုသွားသော ဆစ်ပလစ်ကျော်ကျော်၏စကားသည် ဖိနပ်ကြား မှ နတ်စကားထွက်ပြီး သူခိုးကလူဟစ်သလိုပင် ဖြစ်နေပါသည်။

ထိုပြဿနာနှင့်ပတ်သက်၍ ညဖက်တွင် အစည်းအဝေးထိုင်ပြီး ထုတ်ပြန်ကြေငြာချက်ကို သက်ဆိုင်ရာဌာနများ သို့ ပို့မည်ဟုပြောဆိုသွားခြင်းသည် အခြေအမြစ်မရှိသော စကားဖြစ်သည့်အပြင် ပေါကြောင်ကြောင် လုပ်ရပ်ပင်ဖြစ်သည်။
RFA သတင်းဌာနမှ ၄င်းအင်တာဗျူးနှင့်ပတ်သက်၍ မောင်ဒါနပြောဆိုချင်သည်မှာ ဆစ်မလစ်ကျော်ကျော်၏ ဖြေဆိုမှုများသည် လုပ်ဖေါ်ကိုင်ဖက်ရဲဘော်များအား နောက်ကြောကို ဓားနှင့်ထိုးခြင်းသာမက တဖက်သား၏ ဂုဏ်သိက္ခာထိခိုက်အောင် အညိုးထားစော်ကား၍ ငါစကားနွားရ ယုတ်မာစွာပြောဆိုသွားသော စကားများဖြစ်ပြီး အဖြစ်မှန်ကို သိနေသောသူများ၏စိတ်တွင် ဒေါသဖြစ်မိ၍ ဖိနပ်ချွပ်ကာ ပါးကိုပင်ဘယ်ပြန်ညာပြန် ရိုက်ချင်စိတ် ပေါက်မိပါသည်။

ထိုအင်တာဗျူး၏အသံများကို နားထောင်ရသည်မှာ ကောက်ကျစ်စဉ်းလဲသော “မြေးခွေးအူသံ”နှင့် ပုံပမာတူနေပါသည်။

လူယုတ်မာ ဆစ်ဖလစ်ကျော်ကျော်ဦးဆောင်သောအဖွဲ့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(LA) မလေးရှားဟု ခေါ်ဆိုမည့်အစား လူလိမ်အဖွဲ့ချုပ် မလေးရှား (၀ါ) လလဖအဖွဲ့ဟု အမည်ပြောင်းခေါ်ဆိုခြင်းသည် ၄င်းတို့၏ ဂုဏ်ပုဒ်နှင့် ပြည့်စုံသောအမည်နာမဖြစ်သည်။

မောင်ဒါနအနေဖြင့် အကြံပြုချင်သည်မှာ NLD (LA) ဌာနချုပ်အနေဖြင့် မလေးရှားဌာနခွဲဥက္ကဌ ဆစ်ဖလစ်ကျော်ကျော်၏ လုပ်ဆောင်ချက်များဖြစ်သော ပါတီကိုခုတုံးလုပ်ကာ မြန်မာအဖွဲ့ဟု အမည်တပ်ပြီး ယူအင်ရရှိရေးအတွက် မြန်မာလူမျိုးအချင်းချင်းအပေါ်၌ ခေါင်းပုံဖြတ်ဂုတ်သွေးစုပ်နေမှုများကို တစုံတရာ အရေးယူခြင်းမရှိပဲ ရေငုံနှုတ်ပိတ်နေနေခြင်းသည် ပါတီဌာနချုပ်အနေဖြင့် အကျိုးတစုံတရာရရှိနေမည်ဟု ကျနော့်အနေဖြင့် သံသယဖြစ်မိပါသည်။

ပါတီ၏တန်ဖိုး၊ ခေါင်းဆောင်များ၏ ဂုဏ်သိက္ခာများကို လေးစားတန်ဖိုးထားလျှင် ဆစ်ဖလစ်ကျော်ကျော်အား အမြန်ဆုံးအရေးယူခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်မည်ဟု ကျနော့်အနေဖြင့် အသိပေးတိုက်တွန်းအပ်ပါသည်။

အမှန်တရားကိုစွဲကိုင်သူ(မောင်ဒါန)
၂၈-၅-၁၁။
ဝေဖန်အကြံပြုစာများကို ဖိတ်ခေါ်ပါသည်။
အီးမေလ်း mgdarna@gmail.com

2 comments:

  1. NLD(LA)စတင်ဖွဲ့ စည်းပြီးသိပ်မကြာဘူးးးး နိုင်ငံရေး လက်တွဲလုပ်ဆောင်နေတဲ့ အလုပ်မူဆောင်တွေကို နိုင်ငံရေးခံယူချက်နဲ့ သဘောထားကွဲလွဲမူကြောင့် EC တချို့ ကိုပါတီနှင့်ပတ်သတ်တဲ့ ပြစ်မူနဲ့စည်းကမ်းချိုးဖောက်မူမရှိ။တာဝန်မှ၇ပ်စဲကြောင်း ပြန်/ကြားတာဝန်ခံ ရန်နိုင်ထွန်း မှသက်ဆိုင်ရာဒေသအသီးသီးသို့ လိုက်လံပြီးနည်းမျိုးစုံနဲ့ အကြောင်းကြားခဲ့ တယ်( တာဝန်မှ၇ပ်စဲခြင်းခံ၇သော် EC များအား အကြောင်ပြချက်နှင့် အကြောင်းကြားခြင်းလုံးဝမ၇ှိပါ)
    ထို့နောက် မဲဆောက်မှ နိုင်အောင်( ABSDF)နဲ့ အောင်ဇော်ဋ္ဌေး(NLD-LA လူငယ်တာဝန်ခံ) ၂ ဦးမလေးရှားကို ရောက်လာပြီး NLA-LA (MALAYSIA)တွင်တာဝန်ထမ်းဆောင်နေစေသော ဗဟိုအဖွဲ့ ဝင်အားလုံးအား ကိုယ်ရေး၇ာဇ၀င်ရေးပြီး ၄င်းတို့ အားပေး၇န် ပြောကြားခဲ့ သည် သို့သော် လက်တွေ့ တွင် သက်ဆိုင်၇ာတာဝန်ယူထမ်းဆောင်နေစဲ EC တချို့ အား(လုံးဝ)အကြောင်းမကြားပါ ၊ ၄င်းတို့ တာဝန်ယူထမ်းဆောင်းနေသောနေ၇ာများတွင် တခြားလူများကို အစားထိုးပြီး နိုင်အောင်နဲ့ အောင်ဇော်ထွေး တို့ အား NLD-LA (MALAYSIA)ဖွဲ့ စည်းပုံလူဦးေ၇းစာ၇င်နှင့်တကွ ကိုယ်ေ၇း၇ာဇာဝင်များကို ပေးအပ်မည့်နေ့တွင် လက်ရှိတာဝန်ထမ်းဆောင်စဲဖြင့်သော EC များေ၇ာက်လာပြီး နိုင်အောင်နှင့် အောင်ဇော်ဋ္ဌေး ရှေ့ တွင် (MALAYSIA)တာဝန်ရှိများကို ဘာကြောင့် လက်ရှိတာဝန်ထမ်းဆောင်စဲEC များကို အကြောင်းကြာသလဲ နဲ့ တာဝန်ထမ်းဆောင်ခြင်းမရှိသော လူများအားNLD-LA(MALAYSIA) ဖွဲ့ စည်းပုံတွင်ထည်းသွင်းထားတာလဲမေးမြန်းခဲသော အခါ သောက်ရှက်များကွဲကြပါသည်းးးးးးးး

    ReplyDelete
  2. အမှားပြင် = လက်ရှိတာဝန်ထမ်းဆောင်စဲ EC များကို အကြောင်းမကြားသလ?????

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။