Monday, November 8, 2010

နေရာအနှံ့မဲလိမ်မှုများရှိနေ

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်အတွင်းရှိ အေးရွာ၊ စွယ်ကတော့၊ ညောင်ပင်သာ၊ အုန်းပင်ကျေးရွာအုပ်စုနှင့် မဲဆန္ဒနယ်အများအပြားရှိ မဲရုံများမှာ ကြံ့ခိုင်ရေးပါတီမှ မဲလိမ်မှုများရှိပါတယ်၊

ပါတီကိုယ်စားလှယ်များ လွတ်ထားခြင်းမရှိသောနေရာများမှာအဓိကဖြစ်ပွားပြီး

၁။ ကော်မရှင်ဥက္ကဌနှင့် ကျေးရွာဥက္ကဌများသည် ကြိုတင်မဲလိမ်ယူခြင်း

၂။ မဲရုံအတွင်းတာဝန်ကျဆရာမများမှ ကြံ့ခိုင်ရေးပါတီကို အမှန်ခြစ်ခိုင်းခြင်း

၃။ အခြားပါတီသို့ပေးထားသောမဲများကို ပယ်မဲဖြစ်အောင် ဖျက်စီးခြင်း

၎။ လာရောက်မဲပေးခြင်းမရှိသော ဆန္ဒမဲများကို ကျေးရွာ ရယက ဥက္ကဌများမှ ကိုယ်တိုင်
မဲခြစ်ခြင်းများပြုလုပ်ခဲ့ခြင်း

၅။ ကြိုတင်မဲမဟုတ်ဘဲ ဆန္ဒမဲများကို ကြိုတင်ပေးခိုင်ခြင်း

၆။ မိသားစုအားလုံးအစား မိသားစုဝင်တစ်ယောက်ထဲကို မဲပေးခိုင်းခြင်း

ပြုလုပ်ခဲ့ကြောင်း ကျေးရွာဒေသခံများ ထံမှ သတင်းရရှိပါတယ်။

freedom.emotions မှပေးပို့လာပါသည်။

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။