Friday, November 5, 2010

မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း

လေးစားရပါသော online မှသူငယ်ချင်းများ၊ မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊ မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီး အကူအညီတောင်းခံလိုပါတယ်။

ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့ တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။ မလေးရှားကိုထွက်လာတော့လည်း အတူတူ၊ အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူ အကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့် ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီး လုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး ၆-လလောက်နေတော့ နှင်းနုအေးက ချစ်သူတစ်ယောက်ရခဲ့ပါတယ်။ အဲဒီချစ်သူ အမည်က(ပြည့်ဖြိုး၊ ပြင်ဦးလွင်သား)တစ်ယောက်ပါ။ ပြည့်ဖြိုးဆိုတဲ့ကောင်အကြောင်း ပြောပြပါမယ်။ ကျွန်မသူငယ်ချင်းနဲ့ကြိုက်ပြီး လင်မယားလို နေထိုင်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မသူငယ်ချင်းဆီက ပိုက်ဆံချူစားထားတာ RM 4500.00 ရှိပါတယ်။ ပြီးတော့ အဲဒီကောင်ဟာ အမြဲတမ်းအရက်သောက် ၊ဖဲရိုက် ၊ဖုန်းလု၊ ဆေးခြောက်ရောင်း။ ပြီးတော့ မူးပြီးပြန်လာရင် နှင်းနုကိုပါးရိုက် ပိုက်ဆံအတင်းတောင်း အမြဲလုပ်ပါတယ်။ သူရဲ့ အလုပ်က စားသောက်ဆိုင်တခုက အကြော်ဆရာအကူလို့ သိရပါတယ်။ ဘယ်တော့မှ လိပ်စာကိုအတိအကျ မပေးပါဘူး။

အခုအချိန်မှာ ဘယ်သူမျက်နှာမှ ထောက်စရာမလိုတော့ဘူး။ သူ့အကြောင်းကောင်းကောင်းသိခြင်ရင် JB က Crystal Crown Hotel ရှေ့က မြန်မာဆိုင်တွေမှာ သွားစုံစမ်းလို့ ရပါတယ်။ အောင်မြန်မာ၊ ရွှေကမ္ဘာ ၂ (ဖုန်း 073359424) တွေမှာ အရက်အမြဲသောက်လေ့ရှိပါတယ်။ စားသောက်ဆိုင်မှာလုပ်တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးဆို လူတိုင်းသိပါတယ်။ သူကိုဆက်သွယ်ခြင်တယ်ဆို (hp:0167563264/0127829610) မဟုတ်တာလုပ်တဲ့လူဖြစ်တဲ့အတွက် ဖုန်းကို 2line ကိုင်ထားပါတယ်။

အဲဒီလိုနေရင်းနဲ့ ကျွန်မသူငယ်ချင်းမှာ ကိုယ်ဝန်ရလာပါတယ်။ ပြသနာစလာတယ်ဆိုရင် မမှားပါဘူး။ ကျွန်မသူငယ်ချင်းက မိဘတွေကိုဖွင့်ပြောပြီး လက်ထပ်ကြရအောင်ပြောတော့ ပြည့်ဖြိုးဆိုတဲ့ကောင်က ဘာပြောလည်းဆိုတော့ ငါနင့်ကိုတကယ်ချစ်ခဲ့တယ်လို့ ထင်နေတာလား။ ငါ့မှာ မိန်းမရှိတယ်။ နိုင်ငံခြားမှာနေတုန်း နင့်ကိုအပျော်တွဲခဲ့တာ။ နင့်ကို မယူနိုင်ဘူး။ နင့်ဗိုက်ကိုလည်းဖြတ်ချလိုက်၊ ငါတာဝန်မယူနိုင်ဘူး။ နင့်ပိုက်ဆံလည်း ပြန်မပေးနိုင်ဘူး။ တိုင်ချင်တဲ့နေရာတိုင်၊ စောက်ဂရုမစိုက်ဘူး။ နင်ငါကိုဘာကောင်မှတ်နေလဲ။ ဒီကိစ္စတွေကိုလျှောက်ပြောရင်နင့်ကိုငါသတ်ပစ်မယ်။ ပြီးတော့ ငါမှာ အခုချစ်သူတစ်ယောက် ရှိနေပြီ။ နင့်ထက်ပိုက်ဆံပိုရှာနိုင်တယ်။ နင်နဲ့ငါတို့ အကြောင်းကို သိသွားတဲ့နေ့ နင့်ကိုငါလာပြီး သတ်ပြမယ်။ နင်ကို ငါမလုပ်ရဲဘူးမထင်နဲ့နော်။ အဲဒီလိုအမြဲ ကျိမ်းနေခဲ့ပါတယ်။ သူပိုက်ဆံလိုတဲ့အခါ၊ ဖဲရှုံးတဲ့အခါ၊ အရက်ဖိုးမရှိတဲ့အခါ နှင်းနုဆီလာပြီး ပိုက်ဆံလာလာတောင်းပါတယ်။

နှင်းနုကို သတ်တဲနေ့ကအကြောင်း ပြောပြပါမယ်။ 25/10/2010 ည-၁၁နာရီလောက် နှင်းနုဆီကို ပြည့်ဖြိုးရောက်လာပါတယ်။ အရက်တွေ အမူးလွန်နေပါတယ်။ အပြင်မှာတခုခုစားရင်း စကားပြောချင်တယ်ဆိုပြီး ခေါ်ထုတ်သွားပါတယ်။ ကျွန်မက နှင်းနုကို သတိပေးလိုက်ပါတယ်။ ဖုန်းဖွင့်ထားဖို့ မှာလိုက်ပါတယ်။ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့ ကျွန်မမသိပါဘူး။ သူတို့နှစ်ယောက် စကားများကြပါတယ်။ သူ့ ရဲ့  နောက်ကောင်မက သူ့ကိုဖြတ်ဖို့ပြောတယ် ဆိုတဲ့အကြောင်း။ ပြီးတော့နောက်ကောင်မဆီက လိုသလောက်ငွေမရဘဲနဲ့ မဖြတ်နိုင်ကြောင်း၊ သူ့ကိုဖြတ်ဖို့ပြောတာဟာ နှင်းနုကြောင့်ဆိုပြီး ပြသနာရှာပါတယ်။ နောက်ပိုင်းစကားများကြတယ်။ ကျွန်မလည်း ဖုန်းနားထောင်ရင်း အသံပျောက်သွားပါတယ်။ ကျွန်မ ထင်တာပိုက်ဆံကုန်တယ်ပေါ့။

အဲဒီညက နှင်းနုပြန်လာမအိပ်ပါဘူး။ ၂-ရက်လောက် ပြန်လာမအိပ်ပါဘူး။ ဖုန်းခေါ်လည်း မကိုင်တော့ဘူး။ ကျွန်မကတော့ အဆင်ပြေသွားကြပြီလို့ ထင်လိုက်တာ။ 29/10/2010 နေ့ မှာ လမ်းကအမှိုက်ပုံမှာ လူသေအလောင်းတစ်ခု တွေ့တယ်ဆိုလို့ သွားကြည့်လိုက်တာ နှင်းနုရဲ့အလောင်း ဖြစ်နေတယ်။ ဆွဲကြိုးလည်းမရှိတော့ဘူး၊ လက်စွပ် ၂-ကွင်းလည်း ပျောက်နေတယ်။ ပြီးတော့ သူ့အလောင်းဘေးမှာ ပြည့်ဖြိုးလွယ်နေကြ ကျောပိုးအိပ်ကိုတွေ့ပါတယ်။ နှင်းနုဖုန်းကိုကြည့်လိုက်တော့ SIM card မရှိတောဘူး။

ကျွန်မအတိအကျပြောရဲတာကတော့ နှင်းနုကိုသတ်တာ ပြည့်ဖြိုးကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ဘူး။ အခု ပြည့်ဖြိုး သူငယ်ချင်းတွေ ပြောပြတာကတော့ JB ကနေပြေးဖို့စီစဉ်နေတယ်။ လူတိုင်းကို ဆိုင်ပြောင်းရမယ်လို့ သတင်းလွှင့်ထားပါတယ်။

ဒီလောက်ယုတ်မာနေတဲ့ကောင်ကို မလေးရှားမှာရှိနေတဲ့လူမှုအဖွဲအစည်းတွေက ဘာမှမလုပ်နိုင်ကြတောဘူးလား။ ဘာဖြစ်လို့ မျက်စိကန်း၊ နားပင်းနေကြတယ်ဆိုတာ စဉ်းစားလို့မရဖြစ်နေမိပါတယ်။ ကူညီကြပါလို့ တောင်းဆိုလိုက်ပါရစေ။

ပြည့်ဖြိုး (0167563264/0127829610)

အဲဒီအကောင်ဆီ ဖုန်းခေါ်မယ်ဆိုရင် မိန်းကလေးခေါ်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

ကျွန်မ Mailအတွက် ကျွန်မတာဝန်ယူပါတယ်။ always online မှာကျွန်မရှိနေပါတယ်။ မြန်မာအချင်းချင်း ဒီလောက်ယုတ်မာနေတာကို ကြည့်မနေကြပါနဲ့။ Online မှသူငယ်ချင်းများ၊ Malaysia ရှိအဖွဲ့အစည်းအားလုံး ကူညီဖြေရှင်းပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်။

အချိန်မီ JB ကထွက်မသွားခင် ရအောင်ဖမ်းပြီး ထောင်ချလိုက်ကြပါ။

လေးစားစွာဖြင့်
ရွှေဇင်မျိုး

(forward mail မှရပါသည်။  ယခုကိစ္စအား အပြည့်အစုံသိပြီး အသတ်ခံရသူမိန်းကလေးအတွက် တခုခုဆောင်ရွက်လိုပါလျှင် ကျော်ထူးအောင် 017 299 6989 သို့ဖုန်းခေါ်ပါ)

8 comments:

  1. ရွှေဇင်မျိုးဆိုတဲ့ တောသူမရေ တောကတတ်လာတာလားခင်ဗျာ မလေးရှားမှာ ကိုယ့်သဘောနဲ့ ကိုယ် အမင်္ဂင်္လာ (Living together)ဆိုတာကို အကြိုက်တွေ့ ပြီး လင်မယားလိုနေ ပြီးတော့ ဗိုက်ကြီး တာတွေကို မလေးရှားမှာရှိတဲ့လူမှုအဖွဲ့အစဉ်းတွေကို သတင်းပို့ ခဲ့ပါသလားခင်ဗျာခင်ဗျား အကူအညီတောင်းပုံ က ဘယ်လိုမှကူညီချင်စရာမရှိဘူးဗျာ...

    ""ဒီလောက်ယုတ်မာနေတဲ့ကောင်ကို မလေးရှားမှာရှိနေတဲ့လူမှုအဖွဲအစည်းတွေက ဘာမှမလုပ်နိုင်ကြတောဘူးလား။ ဘာဖြစ်လို့ မျက်စိကန်း၊ နားပင်းနေကြတယ်ဆိုတာ စဉ်းစားလို့မရဖြစ်နေမိပါတယ်။ ကူညီကြပါလို့ တောင်းဆိုလိုက်ပါရစေ။ ""

    ခင်ဗျားပြောခဲ့သလို ဒီလောက်ယုတ်မာနေတဲ့ကောင် ဆေးသမား ဖာခေါင်းကို ခင်ဗျားသူငယ်ချင်းရောခင်ဗျားရောသိသိကြီးနဲ့ ဖင်ခံတုန်းကလူမသိသူမသိခံခဲ့ပြီး သေတော့မှမလေးရှားကလူတွေ အဖွဲ့ အစည်းတွေကို ဆော်ကားမော်ကားပြောတာတော့ မကောင်းဘူးထင်တယ်...မကောင်းဘူးထင်ရင် အရင်ကတည်းက ဦးနှောက်လေးသုံးပြီးစဉ်းစားပေါ့ဗျာ..ဒီကောင်ဘာကောင်လဲသိရင်အရင်ကတည်းက ရှောင်ပေါ့ သေတော့မှ ဘာဖြစ်တယ်ညာဖြစ်တယ် ဟောင်မနေနဲ့ အဲလိုအကူအညီတောင်းလို့ ကတော့ အကူအညီတော့မရဘူး "ဘော"ပဲရမယ် လို့ မှတ်..သေတဲ့လူအတွက်တော့စိတ်မကောင်းဘူး ...ဒါပေမဲ့ ၁၀ခါပြန်သေသင့်တယ် လို့ ထင်တယ် မလေးရှားမှာ Living togetherကြိုက်တဲ့ ခင်ဗျားတို့ လို အမင်္ဂလာကောင်မတွေအကုန်လုံးအတွက် ဂူသာရွှေးကြ ...သေကြ...ချီးဘရိန်းမ များသေလေနားအေးလေပဲ...

    ReplyDelete
  2. ဒီသတင်းက ကြာပြီလို့ ထင်တယ်၊ လူသတ်တရားခံကို မမိသေးတာ မလေးရဲ ညံ့လို့ ထင်ပါတယ်၊ နောက်တခုက သူ( သေဆုံးသူမိန်းကလေး) က မရွှေဇင်မျိုး ပြောသလို ဘာကြောင့် ဒီလောက်မကောင်းတဲ့ ကောင်နဲ့ အတူနေနေရတာလည်း ဆိုတာ စဉ်းစားစရာဘဲ။ မရွှေဇင်မျိုး မလေးမှာနေသူဖြစ်တဲ့ အတွက် မလေးက အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေထံ သွားရောက်ပြီး ကောင်းမွန်စွာ သွားရောက်တွေ့ဆုံ ဆွေးနွေးသင့်တယ်၊ သေဆုံးသူဟာ မြန်မာ မိန်းကလေး ဖြစ်တဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိတာတော့ အမှန်ဘဲ၊ အမှူမှန် အမြန်ဆုံးပေါ်ပေါက် ပါစေလို့ ဆန္ဒပြုမိသလို၊ သေဆုံးသူ မိန်းကလေးကို အတုယူပြီး ပြည်ပရောက် မြန်မာမိန်းကလေးတွေလည်း ဆင်ခြင်ကြနိုင်ပါစေလို့

    ReplyDelete
  3. စိတ်မကောင်းစရာပါ။ အမှုမှန်ပေါ်ပါစေလို့ ဆုတောင်းပေးပါတယ်၊ ကဲချင်တဲ့ မိန်းကလေးတွေရှိသလို ယုံလွယ်တဲ့ သူတွေလည်းရှိပါတယ်။ခန္ဒာကိုယ်ပုံအပ်ထားမှတော့  မထူးတော့ ပါဘူးဆိုပြီး သည်းခံနေတာလည်းဖြစ်နိုင်တာပဲ။ ကဲချင်တိုင်းကဲတဲ့ သူပဲထားပါဦး။ မရွှေဇင်ဦးရေးထားတဲ့  ပုံအရ ဆိုရင် သူ့ ဘက်ကသာပေးဆပ်လိုက်ရတာ သူကဘာမှာပြန်မရလိုက်ပဲ သေသွားရတယ်။ကိုကျော်ကျော်နိုင်ပြောသလိုပါပဲ ပြည်ပရောက်မြန်မာမိန်းကလေးတွေ ဆင်ခြင်နိုင်ကြပါစေ။

    ReplyDelete
  4. ကိုယ့်နိုင်ငံမဟုတ်ဘူး.. ဆိုတဲ့ တစ်ခုတည်းနဲ့တောင် ဘာမှလုပ်လို့မရောတ့ပါဘူး။ ရဲတိုင်မယ်ဆိုရင်တောင် ဒီလိုကိစ္စကို ဘယ်ရဲမှ တက်တက်ကြွကြွ အမှုလိုက်ပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကိစ္စမျိုးတွေ သူတို့ နိုင်ငံသားတွေရဲ့ ကိစ္စတွေထဲမှာတောင် အများကြီးပါ။
    တကယ်ပဲ အဲဒီအမှုကို လုးဝပေါ်လွင်စေချင်တယ်။ တရားခံကို အမိဖမ်းချင်းတယ်ဆိုရင်တော့ မလေးရှားမှာရှိတဲ့ မီဒီယာတွေနဲ့ ဆက်သွယ်ပါ။ ကိုယ့်မှာ ရှိတဲ့ သက်သေအထောက်အထားတွေ အားလုံးစုပြီး.. သူတို့ သိအောင် ဖော်ထုပ်ပြပါ။ နောက်ပြီး ရှေ့နေတွေလည်း ငှားရပါဦးမယ်။ မလေးရှားမှာ ပရိဟိတ အကျိုးမျှော်ပြီး အလုပ်လုပ်တဲ့ ရှေ့နေမရှိသလောက်ပါပဲ။
    ခုတော့ သေတဲ့သူလည်းသေပြီ။ ပြန်မရှင်နိုင်တော့ဘူး။ ပြေးတဲ့သူလည်းပြေးပြီ။ နောက်ထပ်မဖြစ်အောင် ဆင်ခြင်ဖို့ပါပဲ။

    ReplyDelete
  5. "ကျွန်မ Mailအတွက် ကျွန်မတာဝန်ယူပါတယ်" ဆိုပြီး Email Address လည်းမပါဘူး။

    ReplyDelete
  6. အပေါ်ဆုံးက comment ကို အပြည့်အဝ ထောက်ခံပါတယ်.... တခြားနိုင်ငံမှာ နေတဲ့ မြန်မာမိန်းမတိုင်း အနေအထိုင်ဆင်ခြင်သင့်ပါတယ်.. ကိုယ့်ဘာသာကို စိတ်တူကိုယ်ပါ အောက်တန်းစားနဲ့ (အောက်တန်းစားမှန်းသိသိနဲ့) ပိုက်ဆံပေးသွားခံပြီး ပြဿနာဖြစ်မှ အရပ်ကူပါ လူဝိုင်းပါ လာလုပ်နေတာ အဓိပ္ပာယ်မရှိပါဘူး... ဖင်မခံနဲ့လို့မပြောပါဘူး.. ခံရင်လဲ ဦးနှောက်သုံးပေါ့...

    ReplyDelete
  7. အပေါ်ဆုံးက comment ကိုထောက်ခံပါတယ်။ မြန်မာမိန်းကလေးတွေ ယောက်ျားလေးတွေအားလုံး သိက္ခာရှိရှိလေးနေပြီး အချင်းချင်းရိုင်းပင်းနိုင်ကြရင်တော့အကောင်းဆုံးပေါ့ဗျာ။ အခုတော့ မိန်းကလေးတွေများ မလေးရှားရောက်လာပြီဟေ့ဆိုရင် ဖာခန်းမှာ အသစ်ရောက်သလိုကိုဖြစ်နေတာ။ ဘယ်မှာတော့ အသစ်လေးတွေပါတယ်ဟေ့ဆိုပြီး အကိုကာလသများကလဲ ကြွက်ချောင်းသလိုချောင်းနေတာမျိုးတွေကြားရရဲ့။ မိန်းကလေးတွေကလဲ ရောက်တာနဲ့ မကြာဘူး နန့်ကြောဆွဲကြတာလဲ ကြားရရဲ့။ (အားလုံးကိုမဆိုလိုပါ)
    နိုင်ငံခြားရောက်ပြီဆိုပြီး မလေးမိန်းကလေးတောင်မလုပ်တဲ့ sexy ဆန်ဆန် ဖာဆန်ဆန်တွေဝတ်ပြီး ဘုန်းကြီးကျောင်းပွဲမျိုးလဲ လာကြရဲ့။ ဘာတွေမှန်းကိုမသိဘူး။

    ReplyDelete
  8. ဒီလို အမှုမျိုး ဘယ်အဖွဲ့အစည်း.ဘယ် ရဲမှ အကူအညီမပေးနိုင်တာ သေချာတယ်..အေ လက်ထဲမှာ မလေးငွေ RM.100000 လောက်ရှိရင်တော့ ကြိုးစားလိုက်ကြည့်ခိုင်းလိုက်ပေါ့..

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။