Friday, October 8, 2010

တရားသေဆွမ်း

“တရားသေဆွမ်း”

လူတယောက်သေဆုံးရင်
လွတ်ရာလွတ်ကြောင်း ဆွမ်းသွပ်လေ့ရှိကြတယ်။

သေဆုံးခြင်းဆိုတာ
ပျောက်ကွယ်သွားခြင်းကို ကိုယ်စားပြုတယ်။

မသမာမှုတွေပြည့်ကျပ်နေတော့
အမှန်တရားက လှုပ်တောင်မလှုပ်နိုင်ဘူး။
မြုပ်လုမြုပ်ခင်ပေါ့......

နံရံတိုင်းမှာနားရှိတယ်တဲ့
ပိုက်ဆံနဲ့ဆို့ခံထားရတဲ့
နားနဲ့ပါးစပ်တွေအတွက်
နံရံပေါ်ကနားလည်း
အလုပ်မလုပ်နိုင်တော့ဘူးထင်ပ။

လောဘအမှောင်ယံကြားက
အတ္တဘောကြီးတွေအတွက်
တရားမျှတမှုတွေကို
ဘယ်လောက်စတေးခံလိုက်ရပြီလဲ။

အကယ်၍များ
ဘလောခ့်ကိုအလည်ရောက်ရင်း
အမျှဝေသံတခု
စာရှုသူသတိပြုမိမယ်ဆိုရင်
အဲဒါ......
တရားသေဆွမ်းသွပ်ခြင်းပါပဲ။

မောင်ပါလ

1 comment:

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။