Wednesday, September 1, 2010

ကမ်းဝေးတိမ်

“ကမ်းဝေးတိမ်”

ကျွန်တော် အိမ်က ထွက်ခဲ့တယ်
နှုတ်ဆက်ခြင်းမှာ အသံ မပါဘူး။

ပင်လယ်ရဲ့ ဆွဲငင်မှုနဲ့
ကိုယ့်ရင်ဘတ်ကို ပြန်ရိုက်တဲ့ လှိုင်းလို
မိုက်မိုက်ရိုင်းရိုင်း ကမ်းနဲ့ဝေးပစ်လိုက်တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ဘူး။

လေထဲ တိုက်အိမ်ဆောက်ပြီး
အိမ်မက်တွေ ရှည်ခဲ့တဲ့နောက်မှာ
ရှည်သလောက် မက်ခဲ့တဲ့ အိမ်နဲ့
တိမ်ဟာ ပြေးသထက် ... ပြေးလို့ ...
အိမ်ဟာ ဝေးသထက် ဝေးလာခဲ့တယ်
ဒီ့ထက် ပိုဝေးလည်း
ဒီ့ထက် ပိုမဝေးနိုင်တော့ပါဘူး။

လေပြည်
(၃၀-၀၈-၂၀၁၀။ တနင်္လာနေ့၊ ည ၉း၀၀ နာရီ။)

1 comment:

  1. အိပ်မက်တွေ ရှည်ပြီး ကမ်းနဲ့ ဝေးနေသူတွေ ဘယ်လောက်များနေပြီလဲ...

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။