Saturday, August 7, 2010

နွံ

နွံ ဟူသည် နစ်မြုပ်ခြင်း၊ စုပ်ယူခြင်းသဘောရှိ၏။

နွံ ၌နစ်မြုပ်သူသည် ပြန်တက်ရန်ခဲယဉ်း၏။

ထို့အတူပင် လူတိုင်းသည်လည်း လောဘနွံ၊ ဒေါသနွံ၊ မောဟနွံ အစရှိသည် နွံတခုစီအတွင်း၌ နစ်မြုပ်နေကြကုန်၏။

များသောအားဖြင့် လူတို့သည် မိမိမည်သည့်နွံအတွင်း နစ်မြုပ်နေသည်ကို မသိနိုင်လောက်အောင်ပင် မိုက်မဲကြကုန်၏။ (ကျနော်လည်း အပါအ၀င်ဖြစ်သည်)

ကျနော်နှင့်တကွ စာလာဖတ်ကြသူအပေါင်းတို့သည် နွံ၏ နစ်မြုပ်ခြင်းသဘောကို အစဉ်နားလည်ပြီး မိမိသည် မည်ကဲ့သို့သော မကောင်းမှုနွံအတွင်း စုပ်ယူခြင်းခံနေရသည်ကို ပြန်လည်သုံးသပ်ပြုပြင်နိုင်စေရန်အလို့ငှာ ကျနော်၏ဘလော့ခ်အား နွံဟူ၍ ပြန်လည်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။

3 comments:

  1. ဟီး သုံးခုဘဲလား၊ မထင်ပါဘူး ကိုယ်နစ်နေတာ ဒီထက်ပိုမလားလို့

    ReplyDelete
  2. နစ်နေတာကို နစ်နေမှန်းသိရင် လွတ်မြောက်အောင်တော့ ရုန်းကြည့်ချင်မှာပဲ။နွံက ရုန်းလို့မရဘူး ကိုပါလရဲ့။အဲလောက်ကြီးတော့ မလုပ်ပါနဲ့ ကိုပါလရယ်။ ရုန်းခွင့်လေးတော့ ပေးသင့်ပါတယ်။

    ReplyDelete
  3. စိတ်ဓါတ် နွံမနစ်ဖို့ပဲ ပိုအရေးကြီးပါတယ်။

    ဟုတ်. . .
    ပြောင်းလဲ လင့်ချိတ်ပေးပါ့မယ်။

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။