Friday, August 6, 2010

ထူထူထထ

“ထူထူထထ”

လ,ချုပ်အခန်းတစ်ခု
သက်ပြင်းပေါင်း တစ်ထောင်
၉၆ ပါးသော သွေးဆေးတစ်ထုပ်
တဇက်ဇက် ကိုက်ခဲနေသော ဦးခေါင်း
အသမာ တက်နေသော လက်
ပေါက်ပြဲနေသော ခြေဖ၀ါးများ
လွတ်ခဲ့သော မနက်စာများ
ဖုတ်လှိုက်ဖုတ်လှိုက် ၀င်ငွေနဲ့
အင်တိုက်အားတိုက် အကြွေးတို့ရေ ....

ကျုပ်တို့အားလုံး လက်ချင်းချိတ်ပြီး
နေရောင်အောက် အသက်ပြင်းပြင်းရှုကြရအောင်

ဗလာနဲ့စတဲ့ သုညဘ၀စာမျက်နှာမှာ
မြိုချခဲ့တဲ့ တောက်ခေါက်သံတွေ
မှုတ်ထုတ်ခဲ့တဲ့ သက်ပြင်းတွေနဲ့
တောင်းပန်ရို့ကျိုးခဲ့တဲ့ စကားတွေ
အသံတွေ တောင်တုန်တယ်။

ဒုက္ခဆိုတဲ့ ကောင်ကလည်း
တစ်ခေါက်ရောက်ဖူးတာနဲ့
ပြန်ကို မပြန်တော့ဘူး။

ဘာပဲဖြစ်ဖြစ်ဗျာ
ရှိရှိသမျှ အားလုံး လက်ချင်းချိတ်ပြီး
နေရောင်အောက် အသက်ပြင်းပြင်း ရှုလိုက်ကြရတာပေါ့။

ငါသာ
ငါမဖြစ်ခဲ့ဘူးဆိုရင်
စာအုပ်တစ်အုပ်ပဲ ဖြစ်လိုက်ချင်တယ်
ထူထူထထနဲ့လေ။

လေပြည်

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။