Wednesday, May 19, 2010

မလေးရှားရှိမြန်မာအခွန်ရုံးမှ မှတ်သားစရာတချို့

မိမိနိုင်ငံသားများအား လက်ရေးစနစ်သုံးမှ နိုင်ငံတကာ ဘားကုတ် စနစ်သုံး Smart Card ပတ်စ်ပို့များဖြင့် အစားထိုး လဲလှယ်ပေးရန် နိုင်ငံတကာ မြို့ပြလေကြောင်း ပျံသန်းမှုဆိုင်ရာ အဖွဲ့အစည်း (International Civil Aviation Organization) က မြန်မာစစ်အစိုးရကို တောင်းဆိုထားသောကြောင့်လည်းကောင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုများ ပြန့်နှံ့နေသည်ကို တိုက်ဖျက်ရန်အတွက်လည်းကောင်း စက်ဖြင့် စစ်ဆေးနိုင်သော ပတ်စ်ပို့များ အစားထိုးမှုကို စစ်အစိုးရက မတ်လ-၂၉ရက်၊ ၂၀၁၀ တွင်စတင်လိုက်ကြောင်း သတင်းများအရသိရသည်။

အစားထိုးသည်ဟု ကြေငြာခဲံ့ခြင်းမှာ တလခွဲခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မလေးရှားနိုင်ငံရှိ မြန်မာအခွန်ရုံးတွင် မည်သည့်ထူးခြားမှုမှမရှိခဲ့သေးပေ။ (တခြားနိုင်ငံရှိ မြန်မာအခွန်ရုံးများ၌ မည်သို့ရှိမည်ကို မသိပါ)

ယမန်နေ့က မလေးရှားရှိ မြန်မာအခွန်ရုံးတွင် ပတ်စပို့သက်တမ်းတိုးခဲ့သူတဦး ပြောပြသည်မှာ..........

အခွန်ရုံးသို့သက်တမ်းတိုးရန်သွားခဲ့ကြောင်း၊ ပတ်စပို့လဲရန်လိုပါသလားဟုမေးရာ ပတ်စပို့အသစ်ပြုလုပ်သည့်စက်မှာ ယခုအချိန်ထိမရောက်လာသေးသဖြင့် လဲရန်မလိုအပ်သေးဟုဆိုကာ ပတ်စပို့စာအုပ်အဟောင်းကိုပင် သက်တမ်းသုံးနှစ် ထပ်တိုးပေးလိုက်ကြောင်း၊

သက်တမ်းတိုးခ တနှစ်ကုန်ကျငွေကိုမေးရာ အခွန်ရုံးတာဝန်ရှိသူမှ ကွန်ပြူတာနှင့်တွက်ချက်ပြီး ရင်းဂစ် ၁၀၀၀-ကျော်ကျမည်ဟုပြောကြောင်း၊

သက်တမ်းတိုးသူမှ ယခင်နှစ်ကသက်တမ်းတိုးသည်မှာ ရင်းဂစ် ၆၀၀-သာကျသည်ဟုပြောပြီး မနှစ်ကရသည့် ချလန်စာရွက်ကိုထုတ်ပြလိုက်မှ အဆိုပါတာဝန်ရှိသူက ကွန်ပြူတာက မန်မိုရီ ကြောင်နေတာဖြစ်မည်ဟုပြောကာ မနှစ်ကချလန်အတိုင်း ၆၀၀-သာယူလိုက်ကြေင်း သိရှိရပါသည်။

(ဟုတ်ကဲ့.............. ကျနော့်တို့ဆီက အခွန်ရုံးမှာတော့ ဒီလိုပဲရှိပါတယ်ခင်ဗျာ)

မောင်ပါလ

8 comments:

  1. ;)..အဲ့လိုပဲပေါ့ စက်ကကြောင်တတ်တာကိုးးး

    ReplyDelete
  2. ဟား ဟား .......စက်ကြောင်တာတဲ့၊ ရောက်နေတာက မလေးရှား၊ ကြည့်လည်းလိမ်ကြပါအုံး။တော်သေးတယ်၊ အခွန်တွေ Looping ပတ်မနေလို့

    ReplyDelete
  3. ကြံဖန် ကျေးဇူး တင်လိုက်ကြပါ.... စင်္ကာပူ ခွေးတွေက အစာ ပို တောင်းနေလို့.... သူတို့က သက်တမ်း တိုးတာတင် စလုံး...၃၀၀ သက်တမ်း တိုးဖို့ အခွန် မဆောင်မနေရ၊ အခွန်က တစ်နှစ်စာ အနည်းဆုံး ၉၆၀၊ အဆင့်မြင့်မြင့် ဆောင်ချင်ရင် ၁၄၄၀ ကဲ.... မလေး ခွေးစာဖိုးက တန်ပါတယ်....

    ReplyDelete
  4. စာအုပ်ဖိုး ၃၀၀
    အခွန်ဖိုး ....
    ပေးရမှာ စဉ်းစားပြီး အိပ်လို့တောင် မပျော်ဘူး အော်...
    double tax double tax
    စေတနာကို မရှိဘူး အဲ့ဒီဟာတွေကို ပေးရမှာ

    ReplyDelete
  5. really ,, thanks god...I dont need to pay but when i extended my pp ..it cost over 100 in this curreny and have to buy a calender....:P

    ReplyDelete
  6. တိုကျို မှာလဲ တူတူပါဘဲ စက်တွေ မရောက်သေးဘူးတဲ့။

    ReplyDelete
  7. ဘယ်အစိုးရ တက်တက် အခွန်ဆောင်ရမယ် ဆိုတာ လက်ခံတယ်။ လူထု အကျိုးပြုမဲ့ အခွန်ကို လျှော့ပေးမယ်ပြောပြီး ထပ်ဆင့်ခိုး အိတ်ထဲထည့်တဲ့ အခွန်ရုံးက ကောင်တွေ ဖေါ်ထုတ်ကြ။

    ReplyDelete
  8. အင်း ... လူတွေ ... လူတွေ ... မြန်မာတွေလို့ဆိုရင်ပိုထိရောက်ပါလိမ့်မယ် ...
    အခုထိ သဘောမပေါက်ကြသေးပါလား ....
    အခွန်ဆောင်တာလား ... စစ်အစိုးရကိုလုပ်ကြွေးနေတာလား ....

    ကျွန်တော်တို့နိုင်ငံထက် ဆင်းရဲတဲ့ ဘင်းဂလားဒေ့ရှ် လူတွေ နိုင်ငံခြားမှာ အလုပ်လုပ်တာ ဘာအခွန်မှ ဆောင်စရာမလိုပဲ စာအုပ်သက်တမ်းတိုးတာတို့ အသစ်လဲတာတို့ကို သူတို့နိုင်ငံရဲ့သံရုံးကလုပ်ပေးပါတယ် ...
    နိုင်ငံခြားရောက်နေတဲ့ နိုင်ငံသားတယောက်ရဲ့လိုအပ်ချက်တွေကို သူတို့သံရုံးကလိုက်ရှင်းပေးတယ် ...
    ကျွန်တော် တို့သံရုံးက အဲလိုမဟုတ်ဘူး ...
    ဘာကိစ္စဖြစ်ဖြစ် အခွန်ဆောင်ထားလား ဆိုတာက စတာပဲ ...
    ကျွန်တော်လဲဆောင်ခဲ့ပါတယ် ...
    ပြဿနာရှိလို့ အကူအညီတောင်းရင် ခေါင်းရှောင်တယ် ...
    ဒါဆိုအခွန်ဆောင်တာတွေကဘာအတွက်လဲ ...
    ကိုယ့်အတွက်ဘာအကျိုးတွေရလဲ ...
    ကိုယ်ဆောင်ထားတဲ့အခွန်တွေ ဘယ်ရောက်သွားလဲ ...
    ဒါတွေကောစဉ်းစားမိကြရဲ့လား ....

    ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခဲ့ရလို့ အခွန်ဆောင်ဖို့ဆိုတာ ....
    လုံးဝ .. လုံးဝ မဆောင်တော့ပါ ...

    သူငယ်ချင်းတို့လဲ စဉ်းစားကြပါ ။
    စဉ်းစားပြီးမှ အခွန်ဆောင်ပါ ။
    စစ်အစိုးရကို လုပ်ကြွေးချင်ရင်တော့ အခွန်ဆက်ဆောင်ကြပေါ့ဗျာ ...

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။