5.5.10 နေ့ က အဘဦးဝင်းတင်နဲ့  other side အပါအ၀င် အင်အားစုတော်တော်များများ အစည်းအဝေးလုပ်ဖြစ်တယ်။ အဲဒီအစည်းအဝေးမှာ အဘဦးဝင်းတင်ပြောတဲ့ လူထုကိုအခြေပြုတဲ့ နိုင်ငံရေးရဲ့ ပထမခြေလှမ်းအဖြစ်လက်မှတ်ထိုးတဲ့ လှုပ်ရှားမှု စတင်ဖို့အတွက် ဆွေးနွေးကြပါတယ်။ အဲဒီကန်ပိန်းကို အဘဦးဝင်းတင်ကဦးဆောင်ပြီးတော့ ရန်ကုန်အပါအ၀င် နယ် ၇-နယ်မှ အင်အားစုများက ပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လှုပ်ရှားမှုကာလကို 7.5.10 ကနေစပြီး 7.7.10 (7 ဇူလိုင်နေ့) အထိ သုံးလတာသတ်မှတ်ထားပါတယ်။ လှုပ်ရှားမှုစတင်တဲ့ 7.5.10 နေ့ မှာပဲ လက်မှတ်ပေါင်းသုံးရာကျော် ရရှိခဲ့ပါတယ်။ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်က အချက်ခြောက်ချက်ရှိပါတယ်။
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနဲ့ မတရားဖမ်းဆီးခံထားရသော ကျောင်းသားများအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိအမြန်ဆုံးပြန်လည်လွှတ်ပေးရန်
၂။ 2008 ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်
၃။ 2010 ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန်
၎။ 1990 ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးရန်
၅။ 1990 ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာသောပြည်သူ့ လွှတ်တော်များအား လုပ်ပိုင်ခွင့်များ အပ်နှင်းရန်
၆။ NLD ပါတီကိုတရားဝင်ရပ်တည်ခွင့် ပေးရန်
တို့ ပဲဖြစ်ပါတယ်။
ရရှိလာတဲ့လက်မှတ်များကို ဘယ်ကိုမှတင်ပြမှာမဟုတ်ပဲ လှုပ်ရှားမှုကိုဦးဆောင်တဲ့ အဘဦးဝင်းတင်အပါအ၀င် အဖွဲ့ဝင်များကသိမ်းထားမှာဖြစ်ပြီးတော့ မကြာခဏအနေနဲ့ မီဒီယာကနေတဆင့် ဘယ်ရွေ့ဘယ်မျှရရှိကြောင်းကြေငြာပြီး နအဖ ကို မပြတ်သတိပေးသွားမှာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်ပါဝင်တဲ့ အဖွဲ့ များကတော့ NLD လူငယ်များ၊ youth 109၊ 2007 မျိုးဆက်ကျောင်းသားများ (ရန်ကုန်)နဲ့ အခြားဒီမိုကရေစီရေးဆောင်ရွက်နေသော ပြည်သူအများပါဝင်ပါတယ်။ အဖွဲ့နာမည်ကိုတော့ ရွှေဝါရောင်မျိုးဆက်ဒီမိုကရေစီလိုလားသူများလို့ ပေးထားပါတယ်။
နောက်ရက်တွေ အချက်အလက်တွေထပ်ရရင် ပို့ ပေးပါဦးမယ်။ဒီသတင်းကိုလဲ ဘလော့ခ်တွေ၊ ဆိုက်ဒ်တွေပေါ်မှာဖြန့် ပေးပါ။
[8888peoplepower] forward mail မှ ရရှိပါသည်။
No comments:
Post a Comment
မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။