Friday, May 7, 2010

ယုံကြည်ချက်နှင့် ရှင်သန်သည်

မောင်ပါလရေးသော စာတလုံးတိုင်း တလုံးတိုင်းအတွက် မောင်ပါလတာဝန်ယူသည်။

မောင်ပါလသည် အလုပ်အားဖြင့်မဖောက်ပြန်။

မောင်ပါလသည် စိတ်အားဖြင့်မဖောက်ပြန်။

မောင်ပါလသည် စာအားဖြင့်မဖောက်ပြန်။

ဖောက်ပြန်သောသူတိုင်းအတွက် မောင်ပါလရေးသောစာသည် ဓားသွားတလက် ဖြစ်ကောင်းဖြစ်မည်။

စိတ်မှန်၊ လူမှန်၊ အလုပ်မှန်သူများအတွက် မောင်ပါလရေးသောစာသည် ပျားရည်တစက်သာ ဖြစ်ပါမည်။

မှန်တာပြောလို့ ရွာပြင်ထွက်နေရမည်ဆိုပါလျှင် တခြမ်းတည်းသာကျန်သောဝိညာဉ်ဖြင့် မိမိယုံကြည်ချက်ကိုဖက်တွယ်ရင်း ခရီးသည်မှတ်တမ်းနှင့် မောင်ပါလ ဆက်လက်ရှင်သန်နေပါအုံးမည်။

မောင်ပါလ

4 comments:

  1. မောင်ပါလရေ့ ဘာတွေဖြစ်ဖြစ်ပေါ့ကွာ ၂၀၀၉ က ၀မ်းကဖီးမှာ မင်းမြင်ခဲ့တဲ့ စားပွဲဝိုင်းမှာ မြန်မာသံရုံးကလူရယ် မိန်းမတဦးရယ် ဆရာကြီးတဦးရယ် အကြောင်းမင်းမအော်သေးတာကြောင့် လေကြီးနေလားမသိဘူး လေချဉ်တက်ပြလိုက်ရင် သိသွားမှာပါ :)

    ReplyDelete
  2. ကိုပါလ

    ရွာပြင်တော့မထွက်နဲ့ ကြောက်စရာကြီး..။

    သတ္တိရှိလို့လား.. တကယ် သတ္တိရှိရင် .. အင်း ပြောချင်ဘူး..။ ကိုပါလပဲ ရုံးမှာစိုးလို့ သူတို့မှာ ဟိုဟာရှိတယ်.. ဆက်ပြောတော့ပါဘူး..။

    ReplyDelete
  3. မောင်ပါလ
    ညီရေ အူသိမ်အူမ အကုန်သိနေတာဘဲကွာ ဘာကြောင့်ရွာပြင် ထွက်ရ မှာလဲ သူတို့ဘာလုပ်မလဲ သတ်မလား ရိုတ်မလား လုပ်သမျှသည် ဟုတ်မှန်ကြောင်း အတည်ပြုတဲ့ သက်သေတခုပေါ့ကွာ မြွေမှန်ရင်တွင်းဝင်ဖြောင့်မှာပါ...
    ယုံကြည်ချက်နှင့်အတူ အားပေးလျှက် စိန်ခေါ်မှုများရင်ဆိုင်ပါ အမြဲရပ်တည်ပေးရန် အသင့်ရှိမယ်။
    လေးစားလျှက်

    ReplyDelete
  4. ကြိုက်တယ်ဗျာ...တကယ်ပြောတာ....အဲလိုဖြစ်နေရမယ်ဗျ.....အားပေးနေမယ်ဗျာ.........လေးစားတယ်...

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။