Thursday, April 8, 2010

ပိတောက်မပွင့်တဲ့ သင်္ကြန်တွေလွန်ပါစေ

အစ်မတယောက်လှမ်းမေးတယ်။ “မောင်ပါလ စာမရေးဖြစ်ဘူးလား” တဲ့။ “ဟုတ်တယ်အစ်မရေ” လို့........ “Templates လဲပြင်နေတာနဲ့၊ စာရေးရမှာလည်းပျင်းနေလို့ မရေးဖြစ်တာ” လို့.........ပြန်ပြောလိုက်တယ်။ ပျင်းပြီဆိုလည်း အရည်ညှစ်ချလို့ရအောင်ကို ပျင်းတာဗျို့။ “အဲဒါဆိုရင် အစ်မအရင်ကရေးထားတဲ့စာမူတွေရှိတယ် ယူတင်လိုက်၊ ပို့ပေးလိုက်မယ်” တဲ့။ ပို့စ်တင်ဖို့တော့ရပြီလို့တွေးပြီး ရောက်လာတော့ကြည့်လိုက်တာ ဟိုက်ရှာလပတ်ရည် (ဒီကြာကွေးစကား) ဖြစ်သွားတယ်။ ကိုယ့်အစ်မက Wwin_Burmese font နဲ့ ရိုက်ထားတာကိုး။ ဇော်ဂျီနဲ့ပြန်ရေးရမှာလည်း ပျင်းနေတာနဲ့ PDF File လုပ်ပြီးတော့ပဲ တင်ပေးလိုက်တယ်။ Wwin_Burmese font မရှိကြသေးသူများအတွက်လည်း အဆင်ပြေအောင် Wwin_Burmese font တွေကိုပါ တင်ပေးလိုက်တယ်။ ဒေါင်းပြီးတော့ တခါတည်းသာ စက်ထဲမှာ သိမ်းထားလိုက်ကြတော့။

(စစ်အာဏာရှင်အစိုးရရဲ့ တရားလက်လွတ်ဥပဒေတွေကြောင် အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများနေခဲ့ရတဲ့ အမျိုးသမီးတဦးရဲ့ ခံစားမှုစာစုလေးပါ။)

pa taut

Wwin_Burmese font ကို ဒီမှာ ယူပါ။

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။