မောင်ပါလ လူမှုရေး၊ နိုင်ငံရေး မဆိုစလောက်လုပ်လိုက်တာ လူတော်တော်များများပြောကြတဲ့ တခွန်းသောစကားကို အဖန်ဖန်တလဲလဲ ကြားခဲ့ရပါတယ်။ ခုဘလော့ခ်လုပ်ပြီး ရေးချင်တာလေးတွေ ရေးမယ်ဆိုတော့လည်း အဲဒီစကားပြောတဲ့လူတွေနဲ့ပဲ လာတွေ့နေရတယ်။ အဲဒီစကားက........
“ကျနော်တို့ နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ တိုင်းပြည်ကိုလည်း ပြောင်းလဲစေချင်ပါပြီ။ ဒါပေမယ့်ဗျာ......... ဒီလောက်ပုပ်ပွနေတဲ့ နိုင်ငံရေးလောကကို အပြင်ကနေကြည့်ပြီးတော့တောင် စိတ်ကုန်နေပါပြီဗျာ” တဲ့။
မှန်ပါတယ်။ ဒီစကားဟာမှန်လို့လည်း နှစ်တွေသာကြာလာတယ်။ တိုင်းပြည်ဆင်းရဲသထက် ဆင်းရဲလာတယ်။ ပြည်သူတွေ မွဲသထက်မွဲလာတယ်။ နိုင်ငံရေးသမားကြီးတွေ တော်တော်များများကတော့ ချမ်းသာသွားကြတယ်။ တတိယနိုင်ငံတွေမှာ အိမ်ကြီးရခိုင်တွေနဲ့၊ သားသမီးတွေဆိုလည်း ကောင်းပေ့ဆိုတဲ့ကျောင်းတွေမှာ အကျအနပါပဲ။ နအဖစစ်အစိုးရကတော့ သက်ဆိုးရှည်မြဲရှည်လျက်ပါပဲ။
ဒါပေမယ့် ဗမာပြည်ပြောင်းလဲဖို့ဆိုပြီး ကျဉ်းထဲကျပ်ထဲမှာ တကယ့်ကိုအားကြိုးမာန်တက် ဆောင်ရွက်နေကြတဲ့ တော်လှန်ရေးသမားကောင်း၊ နိုင်ငံရေးသမားကောင်းတွေလည်း ရှိနေပါတယ်။ အရေအတွက်အားဖြင့်တော့ ဓမ္မတာအရ မကောင်းတဲ့သူတွေထက်တော့ အမျာကြီးနည်းပါတယ်။ ပျမ်းမျှအားဖြင့် လူ
၁၀၀ မှာ
၁၀-ယောက်တော့ ရှိနိုင်ပါတယ်။
ဆိုခဲ့ပါစကားကို ထပ်ခါတလဲလဲပြောပြီး နိုင်ငံရေးလောကကို စိတ်ပျက်သယောင်ပြုနေကြသူတွေဟာ စိတ်ဓာတ်မှန်ကန်ကြမယ်ဆိုရင် ဒီလိုစကားမျိုးမပြောဘဲ မိမိစိတ်ကိုမိမိယုံကြည်စွာနဲ့ ကိုယ်တိုင်လုပ်သင့်ပါတယ်။ ကိုယ်သွားမယ့်လမ်းကို ကိုယ်ရဲရဲလျှောက်ရဲရပါမယ်။ အဲလိုလူမျိုး
၅-ယောက် နိုင်ငံရေးဝင်လုပ်မယ်ဆိုရင် နိုင်ငံရေးသမား
၁၀၅-ယောက်မှာ
၁၅-ယောက်က နိုင်ငံရေးသမားကောင်းတွေဖြစ်လာမှာပါ။ လူ
၁၀၀ လုပ်ကြမယ်ဆိုရင်တော့ နိုင်ငံရေးသမားအယောက်
၂၀၀ မှာ
၁၁၀-ယောက်ဟာ နိုင်ငံရေးသမားကောင်းတွေဖြစ်ကု
န်ပြီး လုပ်စားနိုင်ငံရေးသမား
၉၀-ယောက်ပဲ ကျန်တော့မှာပါ။ အဲလိုနည်းနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေ
ကို တဖြည်းဖြည်းဖယ်ထုတ်ပြီး တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့
ကို အချိန်တိုတိုအတွင်းမှာ လုပ်ဆောင်နိုင်ကြပါ။
ဒီလိုမှမဟုတ်ဘဲ မိမိကိုယ်တိုင်ကဘာမှ မယ်မယ်ရရမလုပ်ပါဘဲနဲ့ ခြေအားရင်ခြေနဲ့ကန်၊ လက်အားရင်လက်နဲ့ရိုက်၊ ပါးစပ်အားရင်ပါးစပ်နဲ့ကိုက် အဲလိုကိုယ်တတ်နိုင်တာလေးတွေကို တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် သဲတပွင့်ပဲဖြစ်စေတော့လို့သဘောထားပြီး လုပ်နေကြတဲ့လူတွေကို ဟိုကောင်သောက်သုံးမကျဘူး ဒီကောင်ဘာဖြစ်တယ် ပြောနေခြင်းဟာ ဘေးထိုင်ဘုပြော၊ ဆေးရိုးသည်ကကန့်လန့်ကန့်လန့် ဆိုတာလိုဖြစ်နေပါတယ်။ အဲဒီလိုလုပ်ရပ်ဟာ တိုင်းပြည်ကိုချစ်ပါတယ်၊ ပြုပြင်ပြောင်းလဲချင်ပါတယ်လို့ ဘယ်လောက်ပင်ပါးစပ်ကအော်နေသော်လည်း တကယ်တမ်းပြောရရင် တိုင်းပြည်ကို နစ်သထက်နစ်အောင် နှစ်နေခြင်းသာဖြစ်ပါတယ်။
အခု Blink Hacker Group ရဲ့ “ငါတို့နအဖနွား မဟုတ်ပါဘူး” ဆိုတဲ့စကားဟာ သူတို့လုပ်ရပ်နဲ့ပြန်ကြည့်မယ်ဆိုရင် ချီးစားပြီးတော့ ငါတို့တကယ်ပြောတာပါလို့ ပြောမယ်ဆိုရင်တောင် ချီးကြိုက်တတ်လို့ပဲလို့ မှတ်ရမလိုဖြစ်နေပါတယ်။ ဗမာပြည်သားအားလုံးဟာ “ကျနော်တို့ နိုင်ငံရေးကို စိတ်ဝင်စားပါတယ်။ တိုင်းပြည်ကိုလည်း ပြောင်းလဲစေချင်ပါပြီ။ ဒါပေမယ့်ဗျာ......... ဒီလောက်ပုပ်ပွနေတဲ့ နိုင်ငံရေးလောကကို အပြင်ကနေကြည့်ပြီးတော့တောင် စိတ်ကုန်နေပါပြီဗျာ” လို့ပြောနေကြမယ့်အစား စိတ်ရင်းမှန်စွာနဲ့ တိုင်းပြည်ကိုပြောင်းလဲချင်ပါတယ်ဆိုရင် ပုပ်ပွနေတဲ့နိုင်ငံရေးလောကကို ခင်ဗျားတို့ရဲ့အင်းအားသစ်တွေနဲ့ သန့်စင်ဆေးကြောပြီး အမိဗမာပြည်ကြီးကို နအဖစစ်နွားတွေရဲ့လက်ထဲက ၀ိုင်းဝန်းဆွဲထုတ်ကြဖို့ အလေးအနက် အကြံပြုလိုပါတယ်။
မောင်ပါလ
No comments:
Post a Comment
မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။