Wednesday, March 31, 2010

Stop! China Support to Burma (JAPAN)

ပြန်လည်မျှဝေပေးသော လမ်းပြကြယ် အား အထူးကျေးဇူးတင်ရှိပါသည်။

မြန်မာစစ်အာဏာရှင် အစိုးရကို နည်းအမျိုးမျိုးနဲ့ အားပေးလျက်ရှိသော တရုတ်အစိုးရအား
ဂျပန်ရောက်မြန်မာနိုင်ငံသားများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(JAC)မှ ဦးစီး၍
မြန်မာစစ်အာဏာရှင်တို့အား ကူညီထောက်ပံ့မှုများ ရပ်တန်းကရပ်ပေးပါရန် တောင်းဆိုမှုကိုယနေ့
၂၀၁၀ခုနှစ် မတ်လ(၃၀)ရက်နေ့တွင်လည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ညနေ(၃)နာရီမှ
(၄)နာရီအထိ ပြုလုပ်ခဲ့ပါသည်။
သံရုံးရှေ့၌ လူ(၅)ဦးထက်ပို၍ စုရုံးခွင့်မရသဖြင့် အလှည့်ကျဆန္ဒပြခဲ့ကြရပါသည်။

မနက်ဖြန် ၂၀၁၀ခုနှစ်ဧပြီလ ၁-ရက်(ဗုဒ္ဓဟူးနေ့)တွင်လည်း ဆက်လက်၍ ဆန္ဒပြမှုများကို
ပြုလုပ်သွားမည်ဟု သိရပါသည်။ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ
ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်လျက်ရှိကြောင်းသိရပါသည်။






ဓါတ်ပုံ-ဗီဒီယို။ ။Aung Htoo Thein

No comments:

Post a Comment

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။