ညီတယောက်မေးလ်ပို့လာတာပါ။
ကိုကြီးရေ....ဟိုတစ်နေ.ကပြောဖို.မေ့သွားလို.ဗျ
ပို.စ်လေးတစ်ခုလောက်တင်စေချင်လို.ပါ။
အခုတလော မလေးရှားက အလောင်းကစား
တွေထဲမှာ ခေတ်စားနေတဲ့ အလောင်းကစား
တစ်ခုကတော့ကိုကြီးလည်း သိလိမ့်မယ်လို.
အနော်ထင်တာပဲ။.........ganding ကgame
တွေလေ။အခုလက်ရှိအချိန်မှာ တစ်နှိုင်ငံလုံးအနေနဲ.
ခြုံငုံ တွက်ကြည့်မယ်ဆိုယင် ဗမာလူဦးရေ ၁၀၀ ရဲ့
၆၀ ရာခိုင်နှုန်းကျော်က အဲ့ဒီ game တွေနဲ.ဘဝ
ပျက်နေကြပြီဗျ။ဒါတွေကိုသိနေတဲ့ လူတွေကတော့
ဝေးဝေးကရှောင်ကြတဲ့အပြင် အဲ့ဒီလူတွေကိုလည်း
မဆော့ကြဖို. အမျိုးမျိုး တားရှာကြပါတယ်။
(အနော်ဆို တားလွန်လွန်းလို. တော်တော်များများ
ကို အနော့်ဆို သောက်ညင်ကတ်နေကြပြီ)
ဒါပေမဲ့ အလောင်းကစားဆိုတာလည်း ကိုကြီးသိတဲ့
အတိုင်း အစလုပ်မိယင် စွဲလမ်းနေတော့တာဘဲ
မဟုတ်လားဗျာ။ဒါကိုဒီအတိုင်းလွှတ်ထားယင်တော့
၂၀၁၀ ရွေးကောက်ပွဲကြီးနှိုင်ခဲ့ယင်တောင်မှ
ကျုပ်တို.ဗမာလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းက
မြန်မာပြည်ပြန်နှိုင်မှာမဟုတ်သေးဘူးဗျ။
သူများတိုင်းပြည်မှာ ကျွန်ခံနေရဦးမှာပဲဗျ။
ဒီအဇြစ်ကိုဘယ်သူတွေက ဒီအတိုင်းကြည့်နေကြမယ်ထင်လဲ။
ခင်ဗျားတို. ကျွန်တော်တို.တွေကရော ဘာလုပ်ကြမှာလဲ။
အတက်နှိုင်ဆုံး ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင်
အားလုံးကို ဝိုင်းဝန်းထိန်းသိမ်းစေချင်ပါတယ်။
အနုနည်းနဲ. မရယင် အကြမ်းနည်းသုံးပြီး
(ရဲတိုင်ပြီး အော်ပရာစီ ဝင်သင့်ယင် ဝင်ရမှာပေါ့)
ဖြေရှင်းကြရမှာပဲ။ဒါမှ ကျွှန်တော်တို.ကနှစ်ရာမရောက်
ပဲ ချစ်ရာရောက်ရာကြမှာပေါ့။
ကဲ....ဒါပါဘဲ ကိုကြီးရေ
ကျွှန်တော်ဖြစ်စေချင်တာကတော့ အားလုံး ကောင်းရာမွန်ရာ ဖြစ်စေချင်တာပါ။
ခင်မင်လေးစားလျှက်ပါ..............
မောင်ရေခဲ
ဟုတ်တယ်ဗျာ.........။ ပိုက်ဆံနဲ့လောင်းတဲ့ဂိမ်းတွေမှာလည်း ကြည့်လိုက်ရင် မြန်မာတွေချည်းပဲ။ ဘောလုံးပွဲဆိုရင်လည်း ရတဲ့လခက ၈၀၀ ရင်းဂစ်လောက်။ လောင်းကြေးကြည့်လိုက်ရင်တော့ တပွဲကို ထောင်ကျော်မှာရှိတယ်။ ကျန်ခဲ့တဲ့မိသားစုအဆင်ပြေအောင် ပိုက်ဆံများများပို့ချင်တာ၊ အလုပ်အဆင်မပြေတာတော့ တကဏ္ဍပေါ့ဗျာ။ အဆင်မပြေကြတာတွေကို ဖောက်ထွက်ဖို့ပဲစဉ်းစားစေ့ချင်ပါတယ်။ ထွက်ပေါက်အမှားနောက် မလိုက်မိကြဖို့တော့ သတိပေးချင်တယ်ဗျာ။
နောက်တခုရှိသေးတယ်။ မောင်ပါလ အမြဲထိုင်လေ့ရှိတဲ့ cyber cafe မှာဆိုရင် အချိန်တိုင်း မြန်မာတွေနဲ့ပြည့်နေတာပဲ။ တခါတလေဆို နေရာမလွတ်လို့ ထိုင်တောင်စောင့်နေရပါတယ်။ ကိုယ့်မြန်မာတွေ ကွန်ပြူတာသုံးနိုင်ပြီ။ အင်တာနက်အကြောင်းသိနေကြပြီဆိုပြီး အထင်တော့ပြီးစလွယ်မကြီးလိုက်ကြပါနဲ့။ တခါတလေ မောင်ပါလအင်တာနက်သုံးချင်တာ နေရာမလွတ်လို့စောင့်နေရတဲ့အချိန်မျိုးမှာ တခုံချင်းစီကိုနောက်ကနေလိုက်ကြည့်ဖြစ်ပါတယ်။ ဘာတွေ့ရလဲဆိုတော့..... ကွန်ပြူတာနဲ့ ဘီလီယက်ထိုးနေတဲ့သူရယ်၊ ဖဲရိုက်နေတဲ့သူရယ်၊ မဟုတ်ကဟုတ်ကဗွီဒီယိုတွေ ထိုင်ကြည့်နေတဲ့သူတွေက ၁၀ ခုံမှာ ၈ ခုံရှိပါတယ်။ ကဲ........အရပ်ကတို့၊ မြန်မာတွေကွန်ပြူတာကောင်းကောင်း သုံးနိုင်တယ်ဆိုပြီး ဂုဏ်ယူရမှာလား......။ သေချာတာကတော့......အဲဒီနေ့က မောင်ပါလအွန်လိုင်းမ၀င်ဖြစ်ဘဲ အိမ်ပြန်စာအုပ်ဖတ်ပြီး အာရုံလွှဲခဲ့ပါတယ်ခင်ဗျား.......။
No comments:
Post a Comment
မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။