လမ်းကြိတ်စက်နဲ့ ကြိတ်မှ
လမ်း ဖြစ်ခဲ့ရတဲ့ ဘ၀။
မကျက်တကျက်နဲ့
အော်ဟစ် ဈေးရောင်းခဲ့တဲ့အကြောင်း
ဂွင်ကျော်ခေတ် ချုပ်ကြောင်းမှာ
ဝေဒနာ ဗလဗွကိုသွေး
ဒဏ်ရာအနာတရကိုမှ ချရေးမိတယ်။
အပျက်အပျက်နဲ့
နှာခေါင်းသွေး ထွက်ခဲ့တဲ့အကြောင်း
ကဗျာလောင်း ရွေး ဖက်ရှင်ရှိုးမှာ
အရှုံးတွေကို ဒီဇိုင်းထုတ်
ကဗျာတစ်အုပ်ကိုမှ ချုပ်ဝတ်မိတယ်။
ဒီလိုနဲ့
ဒဏ်ရာက ညကိုမှ လင်း
ကဗျာက ငါ့ကိုမှ ဖင်းတယ်။
ဘယ်အပင်းမှ မမိပေမယ့်
အလင်းမရှိတဲ့ နေ့ဘက်တွေ ဆိုးလို့
အခင်းမရှိတဲ့ညဘက်ထဲ တိုးဝင်
အိပ်မက်တွေ အရိုးနင်တာကြာပေါ့
ရင်ဘတ်ထဲ ကြွက်ဝင်နေသည်။
လေပြည်
(၃၁-၇-၂၀၀၉၊ နေ့လည် ၁၂း၅၂)

ယားကျိယားကျိတော့ဖစ်နေမှာပေါ့နော်၊၊
ReplyDelete