အကုသိုလ်မျိုး စိတ်ယုတ်ဆိုးကို
ကြိုးကြိုးစားစား ရေးသည့်အားကြောင့်
အများလူပေါင်း စိတ်ယုတ်ပြောင်း၍
စိတ်ကောင်းရစေ................
(ရှင်ဇနကာဘိဝံသ)
UNHCR (Malaysia) ဘာလဲ ဘယ်လဲ၊ မလေးရှား UNHCR မှ မြန်မာလူမျိုးများအပေါ် အနိုင်ကျင့်ခွဲခြားဆက်ဆံမှုများ ဆိုပြီး မလေးရှားကဘလော့ခ်တော်တော်များများမှာ ပို့စ်တွေတက်လာပါတယ်။ မောင်ပါလကလည်း မလေးရှားကဆိုတော့ မရေးဘဲနေရင် မကောင်းတော့ဘူး။ ဒီတော့ ရေးရတော့မှာပေါ့။
မောင်ပါလပထမဆုံးစဉ်းစားမိတာက - - UNHCR (Malaysia) က မြန်မာပြည်ကလာတဲ့လူတွေချင်းအတူတူ တိုင်းရင်သားနဲ့ ဗမာလူမျိုးဆိုပြီး ခွဲခြားဆက်ဆံခဲ့တာ နှစ်တော်တော်ကြာခဲ့ပါပြီ။ မောင်ပါလတို့လည်း သတင်းဋ္ဌာနတွေကတဆင့်အော်ခဲ့ကြ၊ ပို့စ်တွေတင်ခဲ့ကြလည်း လုပ်ခဲ့ပြီးပါပြီ။ ဒီပို့စ်တွေ၊ ဒီပို့စ်တွေ ကို ဖတ်ကြည့်နိုင်ပါတယ်။ အရင်တုန်းကတော့ ဘယ်သူ့ဆီကမှအသံ မထွက်ခဲ့ကြပါဘူး။ UNHCR (Malaysia) နဲ့ဝေစားမျှစားလုပ်ပြီး ပလဲနံပသင့်နေတဲ့အချိန်ဖြစ်မယ်ထင်ပါတယ်။ ခုချိန်ကျမှ ဆိုင်းမဆင့်ဗုံမပါ အိပ်မက်မက်ပြီးထအော်ကြတယ်ဆိုတော့ ဒုက္ခရောက်နေကြတဲ့ ရေခြားမြေခြားက ဗမာလူမျိုးတွေအတွက်ဆိုပြီး မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ ရေးတဲ့ပို့စ်ပါလို့ ဘယ်လိုမှထင်လို့မရပါဘူး။ ဒါကြောင့် “သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိ” မဖြစ်ကြရအောင် မလေးရှားကအဖြစ်မှန်ကလေးတွေကို တင်ပြပေးပါမယ်။
၂၀၀၉-နှောင်းပိုင်းနဲ့ ၂၀၁၀-နှစ်ဆန်းပိုင်းကာလမှာ UNHCR (Malaysia) က ဗမာလူမျိုးတွေအတွက် ဒုက္ခသည်မှတ်ပုံတင်လျှောက်ထားခွင့်ပြုမယ်ဆိုပြီး ဗမာလူမှုရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ အသင်းဝင်အရေအတွက်စာရင်းတွေတောင်းပါတယ်။ UNHCR (Malaysia) က ဗမာတွေအပေါ်နားလည်မှုရှိလာပြီ၊ ဗမာလူမျိုးတွေအတွက် အခွင့်အရေးလေးတခုပေါ်လာပြီဆိုပြီး တော်တော်လေး ၀မ်းသာသွားခဲ့ပါတယ်။ အဲဒီမှာ ဘာလုပ်ကြသလဲဆိုတော့ လူမှုရေးအဖွဲ့အစည်းအသစ်တွေထောင်တဲ့လူကထောင်၊ နယ်မြေဆင်းပြီး အသင်းဝင်အသစ်တွေရှာတဲ့အဖွဲ့ကရှာနဲ့ တိုးတိုးတိတ်တိတ်လုပ်တဲ့အဖွဲ့ကလုပ်၊ ပေါ်ပေါ်တင်တင်လုပ်တဲ့အဖွဲ့ကလုပ်နဲ့ ဖြစ်ကုန်ကြပါတယ်။
အသင်းဝင်အသစ်ကောက်ပြီး UNHCR ကို လူစာရင်တင်ပေးတာ ဘာဖြစ်လဲ။ ကောင်းတာပေါ့။ ရခဲ့ရင် ကိုယ့်ဗမာတွေရတာပဲ လို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မလေးရှားက ရွှေနိုင်ငံရေးပါတီခေါင်းဆောင်ကြီးများနဲ့ ရွှေဒုက္ခသည်အဖွဲ့အစည်းတွေက ဘာလုပ်ကြသလဲဆိုရင် ပိုက်ဆံတောင်းပါတယ်။ အသင်းဝင်ကြေးတယောက်ဘယ်လောက်၊ လစဉ်ကြေးဘယ်လောက်၊ UNHCR တင်ဖို့ ကိုယ်ရေးရာဇ၀င် ရေးပေးရမယ်ဆိုရင် ဘယ်လောက်ဆိုပြီး နယ်မြေဆင်းရန်ပုံငွေ ရှာကြပါတော့တယ်။
ပါတီကြီးတခုက ဘယ်လောက်တောင် အာမခံပေးပြီး လူစုသလဲဆိုရင် စာရွက်တောင်မဟုတ် UNHCR ကဒ်ပင် တခါတည်းရနိုင်ကြောင်း (ရိုးရိုးနဲ့ ရှယ် ဖြစ်ပါသည်)၊ ၂၀၁၀- သုံးလပိုင်း (မတ်လ) ကုန်လို့မှမရရင် ယူထားတဲ့ပိုက်ဆံများ ပြန်အမ်းပါမည့်အကြောင်းတွေပြောပြီး ရထားပေါ်မှာဆေးရောင်းသလို UNHCR ကဒ်လေးပြပြပြီး လူထုထောက်ခံမှုယူပါတယ် (အဲ....မှားလို့) အာမခံပေးပါတယ်။ သုံးလပိုင်းကုန်လို့ ဘာအကြောင်းမှမထူးတော့ ဘာလုပ်ကြသလဲဆိုရင် ပိုက်ဆံယူထားတဲ့ အသင်းဝင်အသစ်တွေဆီကို “ UNHCR သို့ တင်ထားဆဲဖြစ်ပါသည်” ဆိုတဲ့ ဖုန်းမတ်စ်ဆေ့ဂ်ျတွေ ပို့ပေးပါတယ်။ ခုငါးလပိုင်းရှိပါပြီ။ UNHCR (Malaysia) က ဗမာအဖွဲ့အစည်းတွေကတဆင့် ဗမာလူမျိုးတွေကို UN မပေးတော့ပါဘူးဆိုတဲ့သတင်းပဲ ထွက်လာပါတယ်။
အပေါ်ကအကြောင်းအရာတွေက မောင်ပါလ တကူးတက လိုက်စုထားတာတွေမဟုတ်ပါဘူး။ မောင်ပါလ ၃-၄ ရက်နေလို့ အပြင်တခါမထွက်ပါဘူး။ ပါတီတွေ၊ အဖွဲ့အစည်းတွေမှာ အသင်းဝင်ထားကြတဲ့ သူငယ်ချင်းတွေက မေးလ်နဲ့လှမ်းမေးကြ ဖုန်းနဲ့ပြောပြကြနဲ့မို့လို့ သိရတာပါ။ အဲဒီအချိန်ကတည်းက နိုင်ငံရေး၊ လူမှုရေး၊ ဒုက္ခသည်အရေးတွေကို ခုတုံးလုပ်ပြီး ပိုက်ဆံရှာနေကြတာကို ပြောချင်၊ ရေးချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မရေးခဲ့ပါဘူး။
မောင်ပါလလို ပါချီပါချက်တယောက်ကတောင် သတင်းတွေဒီလောက်ကြားနေရတယ်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ UNHCR (Malaysia) ကရော ဒီလိုသတင်းတွေကို မကြားနိုင်ဘူးတဲ့လား။ ဒါဆိုရင် ဗမာအဖွဲ့အစည်းတွေကတဆင့် ဗမာလူမျိုးတွေကို UN မှတ်ပုံတင်မပေးတော့ပါဘူးဆိုတဲ့ UNHCR (Malaysia) ရဲ့သဘောထားဟာ မတရားပါဘူးလို့ ပြောနိုင်ပါသလား။ အရာရာတိုင်းဟာ အကြောင်းရှိလို့သာ အကျိုးရလာဒ်ဆိုတာ ပေါ်ပေါက်လာခြင်းဖြစ်တယ်လို့ ဗုဒ္ဓတရားတော်က ဟေားကြားထားပါတယ်။ တိုင်းတပါးရောက် ဗမာလူမျိုးဒုက္ခသည်တွေအတွက် ဒီလိုဆိုးကျိုးဖြစ်ပေါ်ခဲ့စေတာ ဘယ်သူ့အပေါ်မှာတာဝန်အရှိဆုံးပါလဲ။
“မြန်မာမျိုးဆက်သစ်ကလေးငယ်များ ရေခြားမြေခြားတွင် သူတောင်းစားအဖြစ်အဖမ်းခံရခြင်း” ဆိုတဲ့သတင်းလေးကို ပြီးခဲ့တဲ့ ၁၀-ရက်လောက်တုန်းက ဖတ်ခဲ့ရပါတယ်။ ကျနော်တို့တိုင်းပြည်ဟာ နအဖရဲ့အာဏာရှင်စနစ်ဆိုးကြောင် ဒုက္ခမျိုးစုံနဲ့ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ပြည်သူပြည်သားတွေကလည်း မိန်းမဆိုရင် ဖာခံ၊ ယောက်ျားဆိုရင် ကျွန်ခံ၊ တိုင်းပြည်ရဲ့အနာဂတ်ကလေးငယ်တွေက ခွက်ခံပြီးတောင်းစားနေကြရပါတယ်။ ခံသုံးခံနဲ့ ဖွဲ့ဖြိုးတိုးတက်နေတဲ့ ကျနော်တို့တိုင်းပြည်ကပြည်သူတွေကို ထပ်ပြီးခုတုံးလုပ် ကိုယ်ကျိုးရှာနေကြတဲ့ အယောင်ဆောင်နိုင်ငံရေးသမား၊ ဒုက္ခသည်အမည်ခံအဖွဲ့အစည်းတွေရဲ့လုပ်ရပ်ဟာ ရေနစ်သူကိုဝါးကူထိုးနေကြခြင်းသာ ဖြစ်ပါတယ်။
ကျနော်တို့သေချာစဉ်းစားပြီး အမှန်ကိုမြင်နိုင်အောင် ကြိုးစားရပါမယ်။ အမှန်ကိုမြင်နိုင်မှသာ ကျနော်တို့လျှောက်နေတဲ့လမ်း ပြောင်းပြန်မဖြစ်မှာပါ။ ဒီလိုကိုယ်ကျိုးရှာစိတ်ဓာတ်မျိုးနဲ့ နအဖကိုတိုက်နေကြတာပါဆိုရင်တော့ ကျနော်တို့ရည်ရွယ်ချက်တွေ ကြာလေဝေးလေဖြစ်နေအုံးမှာပါပဲ။ ဒီလိုလူမျိုးတွေ လက်အောက်မှာလုပ်နေကြတဲ့၊ ဒီလိုလူမျိုးတွေကို အားပေးအားမြှောက်လုပ်နေကြသူတွေကလည်း ကိုယ်တဦးတယောက်အနေအစားချောင်ဖို့အတွက် အချောင်သမားတွေကိုထောက်ခံအားပေးနေတဲ့ အချောင်သမားရဲ့ကျွန်တွေပါပဲလို့ ပြောချင်ပါတယ်။
အကိုရေ အချို့
ReplyDeleteကိုယ်ရေးလိုက်တာတွေ
ကိုယ်ကြားနေတာတွေ
ကိုယ်မြင်နေတာတွေ
သိရက်နဲ့ အဖြစ်မှန်ကိုတော့ မသိချင်ယောင်ဆောင်ကြတရ်၊၊
Malaysia က UNHCR မြန်မာဆို Reg လုပ်ပေးတာမလုပ်ပေးတာထက်
အမှန်တကရ်ဒုက္ခရောက်နေကြတဲ့
အချို့ ကိစ္စတွေဂျောင့် အခွင့်ရေးလေးစမယ်ရှိသေးတရ်
310 ဆိုပီးလုပ်စားမှတော့ ဘယ်ကောင်တွေက မြန်မာဆိုရင် ယုံကြည်မလဲ၊၊
နောက်ဆုံးဗျာ ကိုရွှေကိုမျိုးတွေများ UN ရုံးမှာ စကားပြန်လေးဖြစ်ရင်တောင် ခြေထောက် မြေမထိချင်တော့ဘူး၊၊
Bio ရောင်းစားတတ်နေပီ၊၊
အဲ့လို အမျိုးချစ်တတ်တဲ့စိတ်တွေ ပြည့်နေကြတဲ့ ကိုရွှေကိုမျိုးတွေ
လုပ်စားမယ်ဆိုလဲဗျာ ရှယ်လေးလုပ်ကြပေါ့၊၊
ခိုးစားမယ်ဆိုလည်း တိုးတိုးတိတ်တိတ်ပေါ့ လူမသိအောင်တော့လုပ်ပေါ့၊၊
ဒင်းတို့အမှန်တရားဆိုတာရော သေချာမမြင်ကြတော့ဘူးလားလို့သာ မေးလိုက်ချင်ရဲ့
နောက်ဆုံးဝါးလုံးရှည်နဲ့ရမ်းခံရမှ ထပ်ပီး အသံကောင်းဟစ် ကိုယ့်အပြစ်ကိုသူများလွဲချင်ကြတရ်
အဟက် လို့သာရီချင်တော့တရ် အကိုရာ၊၊
ဒီနေ့မှ သူငယ်ချင်းဆီကရလို့ လာလည်ပါသည်။
ReplyDeleteမေမေ့ကို ချစ်နေရုံနဲ့ မပြီးပါဘူး။
ReplyDeleteမေမေ့ဆန္ဒကို ဖြည့်ဆည်းပေနိုင်မှ
မေမေ့ကို ချစ်ရာရောက်ပါတယ်။
အပြောလေးတွေလျှော့မယ်။
အလုပ်ကလေးတွေနဲ့စမယ်။
ရှင်ဝါ
This comment has been removed by a blog administrator.
ReplyDeleteမောင်နဲ့နှမ သားနဲ့အမိ မကြားသင့်တဲ့စကားမို့လို့ villager ရဲ့ကွန်မန့်ကို ဖျက်ထားပါတယ်။ စာလာဖတ်ပေးပြီး ကွန်မန့်ပါပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ReplyDeleteအဲ.ဒီလူတွေဟာ ငခုံးမတွေပေါ့နော် ။ ဘယ်လိုအပြောကောင်းကောင်း ကိုယ့်ဘာကောင် ဘယ်လိုလူစားဆိုတာ ဘုရားနဲ.ကိုယ်ကိုယ်တိုင် အသိဆုံးမို. အပြင်မှာ ဟန်ကောင်းပေမယ့် ကိုယ့်ကိုယ်ကိုတော့ ပြန်ရှက်နေကြမှာပါ ။
ReplyDeleteငခုံးမတွေ နိုင်ငံတိုင်းမှာ ရှိနေပါတယ်။ ဒါလေးကိုဖတ်မိပြီး ကိုယ့်ကိုယ်ကို အမြန်ဆုံးပြင်ဆင်နိုင်ရင် အကောင်းဆုံးပါ ။ မှားမှန်းသိရင်ပြင်တတ်ရပါတယ် ။ အမှားကိုမပြင်ရင်တော့ နအဖ တွေလိုပဲ သဘောထား၇မှာပါပဲ ။ ကိုယ်တိုင်းပြည်အတွင်းမှာ သက်စွန်.ပြီး ဘဝတွေရင်းပြီး တိုက်ပွဲဝင်နေတာကို ကိုယ်ကအလွဲသုံးစားလုပ်မယ်ဆိုရင် အဲ့ဒီလူတွေမျက်နှာ ကို အိုးမဲသုတ်တာပါပဲ။ တကယ်လို. အခွင့်အရေးအတွက် နိုင်ငံရေးအရေခြုံ လိုက်တာဆိုရင် အမြန်ဆုံးရပ်လိုက်ပါ ။ အဖွဲ.အစည်းနာပါတယ် ။ ကျမ က နိုင်ငံရေး အဖွဲ.အစည်းကမဟုတ်ပေမယ့် ကိုယ်ချင်းစာတတ်ပါတယ် ။ ကိုယ့်ကြောင့် အဖွဲ.အစည်း သိက္ခာမကျပါစေနဲ.။
ReplyDeleteအကိုသိထားတွေတချို့တော်တော်လေးလွဲနေတယ်ဗျ ဘယ်သူကိုမှကိုမှလည်းမနစ်နာစေချင်လို့ပါ
ReplyDeleteကိုမင်းရန်နိုင်ခင်ဗျား......... တစုံတယောက်ကိုနစ်နာပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျနော်ရေးတာမဟုတ်ပါဘူး။ မလေးရှားက ဗမာလူမျိုးတွေအကုန်လုံး နစ်နာခဲ့ရလို့ ရေးတာပါ။ ဒီကိစ္စကိုလည်း မလေးရှားက un ကိုစိတ်ဝင်စားတဲ့ ဗမာတိုင်းနီးပါသိပါတယ်။ အကို့အနေနဲ့ ကျနော်လွဲနေတာလေးတွေကို ထောက်ပြပေးနိုင်တယ်ဆိုရင် ကျေးဇူးတင်မှာပါ။ လူကိုယ်တိုင်လည်း လာပြီးဆွေးနွေးနိုင်ပါတယ်။ ကျနော့်ကို ဘယ်အဖွဲ့၊ ဘယ်သူက ဘယ်အကြောင်းအရာနဲ့ပတ်သတ်ပြီးဆွေးနွေးတယ်ဆိုတာကိုတော့ ကျနော်မှားနေပဲဖြစ်ဖြစ် ဘလော့ခ်မှာပြန်တင်ပါ့မယ်။
ReplyDelete