Saturday, April 10, 2010

........မှ ...........သို့

“.......မှ ........သို့”
(ရန်ပြေမာန်ပြေ ကဗျာ)

ချစ်နှမငယ်.........

ငါဆိုတဲ့မာန်တလုံးနဲ့
အဆင်းမှာကုန်းရုန်းရင်
ငရဲသို့ရောက်မယ်အစဉ်
ပြင်သင့်တာပြင်ပါကွဲ့လေး.....။

လှုပ်တိုင်းရယ်ဘောင်ဘင်ခတ်လို့
တ၀က်ပြည့်ရေအိုးအသွင်
မင်းအချိုးမင်းအမြင်ရယ်
လူမိုက်ပင်မရိုသေကွဲ့လေး.....။

အတ္တတွေတောင်လိုမောက်
အပေါ်ရောက်ပြီလို့မင်းထင်
အကျနာမယ့်ဖြစ်အင်
မောင်ကြီးမမြင်ချင်ကွဲ့လေး.....။

မာနတွေခ၀ါဖွတ်လို့
စိတ်ညစ်တွေဆေးကြောသန့်စင်
နွံနစ်ဖို့လမ်းမမြင်တယ်
ငါတို့အတူလျှောက်စို့ကွယ်လေး......။

မောင်ပါလ

1 comment:

  1. မ၀င်ဖြစ်တာကြာလို့မေ့သွားပြီထင်ပါတယ်
    ရောက်တုန်းရောက်ခိုက် လာဖတ်သွားတယ်ဗျာ
    ပျော်ရွှင်ပါစေ

    ReplyDelete

မိမိ၏သဘောထားကို လွတ်လပ်စွာ ယဉ်ကျေးစွာ မိကောင်းဖခင်သားသမီးပီသစွာ ဆွေးနွေးဖလှယ်နိုင်ပါသည်။